




========================





======+++++========

တိပိဋကဓရဆရာတော်ကြီးအား

ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်မှ

သွားရောက်ဖူးမျှော်၍ဝါဆိုသင်္ကန်းနှင့်

လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း

========================

ဒဂုံမြို့သစ်(တောင်ပိုင်း) ဇူလိုင် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ

နိကာယ်ငါးရပ် ပိဋကသုံးပုံစာသင်တိုက်ကြီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ပါဋိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ(မော်ကျွန်းဆရာတော်)အားပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့်နှင့်အတူဒဂုံမြို့သစ်ခရိုင်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်အတွင်းရေးမှူးဦးမြင့်အောင် နှင့်ကော်မတီဝင်များမှသွားရောက်ဖူးမျှော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ရာဆရာတော်မှဩဝါဒစကားပြန်လည်မိန့်ကြားတော်မူခဲ့ပါသည်။