စဥ့္ကိုင္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ ျပဳလုပ္ေသာ ဝါတြင္းကာလ သီလ ေပးတရားပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္းႏွင့္တိုင္းပါတီတာဝန္ရွိသူမ်ားတက္ေရာက္ၾကည္ညို၍တရားေတာ္နာယူ
စဥ့္ကိုင္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္
ျပဳလုပ္ေသာ ဝါတြင္းကာလ သီလ ေပးတရားပြဲသို႔
ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္းႏွင့္တိုင္းပါတီတာဝန္ရွိသူမ်ားတက္ေရာက္ၾကည္ညို၍တရားေတာ္နာယူ
=============================
စဥ့္ကိုင္ ဇူလိုင္ ၁၇
မႏၱေလးတိုင္းေဒသႀကီး
စဥ့္ကိုင္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမ၌ ဝါတြင္းကာလ သီလေပးတရားပြဲ က်င္းပျပဳလုပ္ခဲ့ရာ မႏၱေလးၿမိဳ႕၊ခ်မ္းျမေအာင္စည္ မဟာစည္ေက်ာင္းတိုက္၊ေ႐ႊတံခါးဆရာေတာ္အရွင္ေတဇနိယမွတရားေတာ္မ်ား
ေဟာၾကားခ်ီးျမႇင့္ခဲ့ၿပီးအလႉရွင္မ်ားကဆရာေတာ္ထံ
လႉဖြယ္သကၤန္းႏွင့္ဝတၳဳေငြမ်ားဆက္ကပ္လႉဒါန္းခဲ့ၾကကာ လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်အတန္းေပးေဝခဲ့ၾကပါသည္။
၎ေနာက္ဆရာေတာ္ အရွင္ေတဇနိယအား
ေန႕ဆြမ္းႏွင့္အခ်ိဳပြဲ ဆက္ကပ္လႉဒါန္းခဲ့ၿပီး
တရားပြဲကုသိုလ္ရွင္ ၿမိဳ႕နယ္ပါတီဥကၠဌ ဦးထြန္းထြန္းနိူင္ မိသားစုမွ အလႉေငြ(၉)သိန္းက်ပ္အ ပါအဝင္၊တရားနာဧည့္ပရိတ္သတ္ အလႉရွင္မ်ားမွ
စုေပါင္းလႉဒါန္းေငြ စုစုေပါင္း (၃၅၇၀၀၀၀)သိန္းက်ပ္အား ေ႐ႊတံခါးဆရာေတာ္ အရွင္ေတဇနိယထံ ဆက္ကပ္လႉဒါန္းခဲ့ပါသည္။
တရားပြဲသို႔ပါတီဗဟိုအလုပ္အမႈေဆာင္
ေဒါက္တာေမာင္သင္း၊မႏၱေလးတိုင္းေဒသႀကီးပါတီဥကၠဌႏွင့္တိုင္းပါတီေကာ္မတီဝင္မ်ား၊
ခရိုင္/ၿမိဳနယ္ဥကၠ႒မ်ားႏွင့္ေကာ္မတီဝင္မ်ား၊ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊တရားနာဧည့္ပရိတ္သတ္မ်ားတက္ေရာက္ၾကည္ညို၍ တရားေတာ္နာယူခဲ့ၾကေၾကာင္းသိရွိရပါသည္
==========+++++==========
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်
ပြုလုပ်သော ဝါတွင်းကာလ သီလ ပေးတရားပွဲသို့
ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းနှင့်တိုင်းပါတီတာဝန်ရှိသူများတက်ရောက်ကြည်ညို၍တရားတော်နာယူ
=============================
စဥ့်ကိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ဝါတွင်းကာလ သီလပေးတရားပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့၊ချမ်းမြအောင်စည် မဟာစည်ကျောင်းတိုက်၊ရွှေတံခါးဆရာတော်အရှင်တေဇနိယမှတရားတော်များ
ဟောကြားချီးမြှင့်ခဲ့ပြီးအလှူရှင်များကဆရာတော်ထံ
လှူဖွယ်သင်္ကန်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြပါသည်။
၎င်းနောက်ဆရာတော် အရှင်တေဇနိယအား
နေ့ဆွမ်းနှင့်အချိုပွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး
တရားပွဲကုသိုလ်ရှင် မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းနိူင် မိသားစုမှ အလှူငွေ(၉)သိန်းကျပ်အ ပါအဝင်၊တရားနာဧည့်ပရိတ်သတ် အလှူရှင်များမှ
စုပေါင်းလှူဒါန်းငွေ စုစုပေါင်း (၃၅၇၀၀၀၀)သိန်းကျပ်အား ရွှေတံခါးဆရာတော် အရှင်တေဇနိယထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
တရားပွဲသို့ပါတီဗဟိုအလုပ်အမှုဆောင်
ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌနှင့်တိုင်းပါတီကော်မတီဝင်များ၊
ခရိုင်/မြိုနယ်ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊မြို့မိမြို့ဖများ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊တရားနာဧည့်ပရိတ်သတ်များတက်ရောက်ကြည်ညို၍ တရားတော်နာယူခဲ့ကြကြောင်းသိရှိရပါသည်။