ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ ပါတီဝင်အသစ်များ၏ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ ပါတီဝင်အသစ်များ၏ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
=========================
ဇူလိုင် ၁၄၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်သော လှည်းကူးခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မှော်ဘီခရိုင်များမှ ပါတီဝင်အသစ်များ၏ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ပါတီဝင်အသစ် (၃၈၇၅)ဦးအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆက်လက်ပြီး လှည်းကူးခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မှော်ဘီခရိုင်များမှ ပါတီဝင်အဆိုပြုလွှာများပေးအပ်ခဲ့ကြရာ ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများက ပါတီရင်ထိုးတံဆိပ်နှင့် ဦးထုပ်များတပ်ဆင်ပေး၍ အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်ခဲ့ပါသည်။
၎င်းနောက် ခရိုင် (၄)ခရိုင်၏ကိုယ်စား ခရိုင်အလိုက်ပါတီဝင်အသစ် (၄)ဦးမှ ပါတီသိုဝင်ရောက်ရခြင်းအကြောင်းအား ရှင်းလင်းတင်ပြကြပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌမှ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ နေ့လည် ၁၁၃၀ နာရီအချိန်တွင် ပါတီဝင်အသစ်များ၏ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပါတီနာယကများဖြစ်သော ဦးနန္ဒကျော်စွာ၊ ဦးစိန်တင်ဝင်း၊ ဒေါက်တာမေသန်းနွယ်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဦးမောင်မြင့်၊ ဒေါက်တာအောင်မြတ်ဦး၊ ဦးလှသိန်း၊ ပခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ဒေါ်သိဂီဝင်းရွှေ၊ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါက်တာသန့်ဇော်လွင်၊ ရန်ကုန်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ပါတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လှည်းကူးခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မှော်ဘီခရိုင်များမှ ပါတီဝင်အသစ်(၃၈၇၅)ဦးတို တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်