မာဒူေအေကကို ေခၚဖို႔ သေဘာတူညီမႈရရွိသြားတဲ့ အာဆင္နယ္

ခ်ယ္လ္ဆီကစားသမား မာဒူေအေကကို ေပါင္(၅၂)သန္းနဲ႔ အာဆင္နယ္ သေဘာတူညီမႈရရွိ
=================
အာဆင္နယ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းက အဂၤလန္ေတာင္ပံကစားသမား မာဒူေအေကကို ေခၚယူဖို ေျပာင္းေ႐ႊ႕ေၾကးေပါင္(၅၂)သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို သိရပါတယ္။

အာဆင္နယ္အသင္းဟာ မာဒူေအေက(၂၃ ႏွစ္)ကို ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီး အခု ခ်ယ္လ္ဆီးအသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအတြက္ သေဘာတူညီမႈရရွိခဲ့ျခင္း ျဖစ္ပါတယ္။

မာဒူေအေကဟာ ၂၀၂၃ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ PSV ကေန ခ်ယ္လ္ဆီးကို ေပါင္(၂၈.၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၂၀၃၀ အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူပါ။

မာဒူေအေကဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ(၄၆)ပြဲကစားရာမွာ (၁၁)ဂိုးသြင္းယူကာ ေျခစြမ္းျပခဲ့သူျဖစ္ၿပီး နည္းျပ မာရက္စကာက အလုပ္ႀကိဳးစားသူတစ္ေယာက္အျဖစ္ မွတ္ခ်က္ေပးျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ဘယ္ျခမ္းတိုက္စစ္ကို အေျပာင္းအလဲလုပ္ဖို စီစဥ္ေနၿပီး ကစားသမားမ်ားစြာကို ပစ္မွတ္ထားခဲ့တဲ့အနက္ မာဒူေအေကကို သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းက မာဒူေအေကကို (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္တယ္လို နာမည္ေက်ာ္ဂ်ာနယ္လစ္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။


မာဒူအေကေကို ခေါ်ဖို့ သဘောတူညီမှုရရှိသွားတဲ့ အာဆင်နယ်
=================
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား မာဒူအေကေကို ခေါ်ယူဖို ပြောင်းရွှေ့ကြေးပေါင်(၅၂)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို သိရပါတယ်။

အာဆင်နယ်အသင်းဟာ မာဒူအေကေ(၂၃ နှစ်)ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး အခု ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။

မာဒူအေကေဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့မှာ PSV ကနေ ချယ်လ်ဆီးကို ပေါင်(၂၈.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားသူပါ။

မာဒူအေကေဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၄၆)ပွဲကစားရာမှာ (၁၁)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး နည်းပြ မာရက်စကာက အလုပ်ကြိုးစားသူတစ်ယောက်အဖြစ် မှတ်ချက်ပေးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဘယ်ခြမ်းတိုက်စစ်ကို အပြောင်းအလဲလုပ်ဖို စီစဉ်နေပြီး ကစားသမားများစွာကို ပစ်မှတ်ထားခဲ့တဲ့အနက် မာဒူအေကေကို သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက မာဒူအေကေကို (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို နာမည်ကျော်ဂျာနယ်လစ်တွေက ဖော်ပြခဲ့ကြပါတယ်။