
=================
ဇူလိုင် ၁၀၊ နေပြည်တော်






ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပပြုလုပ်
=================
ဇူလိုင် ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၅) ကို ၈-၇-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်မှ ၁၇၁၅ အချိန်ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ ယခင်ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသည့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက သက်ဆိုင်ရာ ရေးရာဌာနကြီးများ/ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြပါသည်။

ဆက်လက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်းပြီး သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌမှ ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများအား ရှင်းလင်းပြောကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၅)သို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။