==============
ရန်ကုန် ဇူလှိုင် ( ၇ )
(၁၅) ကြိမ်မြောက် သက်ကြီးဟာသပညာရှင်ကြီးများအားဂါရဝပြုကန်တော့ပွဲ အခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးတက်ရောက်ချီးမြှင့်
==============
ရန်ကုန် ဇူလှိုင် ( ၇ )
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)(၁၅) ကြိမ်မြောက်သက်ကြီးဟာသပညာရှင်ကြီးများအားဂါရဝပြုကန်တော့ပွဲနှင့်ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉နာရီအချိန်က မြောက်ဒဂုံမြို့နယ်ရှိ မိဘကျေးဇူးဆပ်အနန္တမေတ္တာရှင်စေတီတော်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သက်ကြီးဟာသပညာရှင်ကြီးများအားဂါရဝပြုကန်တော့ခြင်းနှင့် ဟာသပညာထူးချွန်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ (၂၀၀၀၀၀၀) သိန်းနှစ်ဆယ်ကျပ်အား ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှလည်းကောင်း၊ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးမှ အလှူငွေ (၅၀၀၀၀၀) ငါးသိန်းကျပ်အား တိုင်းပါတီ အတွင်းရေးမှုး ဦးအောင်ကျော်မင်းမှလည်းကောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) သို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရုပ်ရှင်နှင့်ဂီတနယ်ပယ်မှအနုပညာရှင်များ၊ ဟာသသရုပ်ဆောင်များ၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီး တိုင်းကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ဒဂုံမြို့သစ်ခရိုင်ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး၊ မြောက်ဒဂုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။