ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္အမႈေဆာင္၊ အလုပ္သမားေရးရာတာဝန္ခံဦးေမာင္ျမင့္ ပ်ဥ္းမနားသၾကားစက္႐ုံဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္အမႈေဆာင္၊ အလုပ္သမားေရးရာတာဝန္ခံဦးေမာင္ျမင့္ ပ်ဥ္းမနားသၾကားစက္႐ုံဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံ
==============================
ပ်ဥ္းမနား ဇူလိုင္ ၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈ႕ေဆာင္၊အလုပ္သမားေရးရာ တာဝန္ခံဦးေမာင္ျမင့္သည္ဇူလိုင္ (၆)ရက္ေန႔တြင္ ျပည္ေထာင္စုနယ္ေျမ၊ေနျပည္ေတာ္၊ ပ်ဥ္မနားၿမိဳ႕နယ္၊ပ်ဥ္းမနားသၾကားစက္႐ုံဝန္ထမ္း မ်ားႏွင့္ေတြ႕ဆုံပြဲက်င္းပခဲ့ပါသည္။

ပထမဦးစြာ ဦးေမာင္ျမင့္ မွ အလုပ္သမားမ်ား ႏွင့္ ပတ္သက္၍ သိသင့္ သိထိုက္ေသာလူမႈဖူလုံေရးအေၾကာင္းမ်ား၊ အလုပ္အကိုင္အခြင့္အလမ္းမ်ားကိုရွင္းလင္း ေဆြးေႏြးပါသည္။ ထို႔ေနာက္တက္ေရာက္လာသူမ်ားထဲမွဦးေက်ာ္ေဆြ မွ သၾကားစက္ဝန္ထမ္းဘဝ ျဖတ္သန္းပုံ အဆင့္ဆင့္ ႏွင့္ လိုအပ္ခ်ပ္မ်ားကို တင္ျပေဆြးေႏြးပါသည္။နိဂုံးခ်ဳပ္ တြင္ဦးေမာင္ျမင့္ မွ ျပန္လည္ရွင္းလင္းေဆြးေႏြးၿပီးစက္႐ုံအလုပ္သမားမ်ားကိုးကြယ္ပူေဇာ္ႏိုင္ရန္အတြက္ ဘုရားဆင္းတုေတာ္(၄၀)ဆူကိုလႉဒါန္းခဲ့ပါသည္။

ေတြ႕ဆုံပြဲ သို႔ ျပည္ေထာင္စုနယ္ေျမပါတီ ဥကၠ႒ ဦးလွေဆြ၊နာယက ဦးခင္ေမာင္ေဌး ၊ေကာ္မတီဝင္
ေဒၚသီတာေထြး၊ဦးေအာင္ျမင့္ႀကိဳင္၊ဦးဖိုးသိန္၊ေဒၚျဖဴျဖဴေက်ာ္၊ပမနခ႐ိုင္ပါတီ ဥကၠဌ ဦးထက္မင္းေအာင္ ေကာ္မတီဝင္ ဦးစံဝင္း ပ်ဥ္းမနားၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ႏွင့္ေကာ္မတီဝင္မ်ား၊သၾကားစက္ ဝန္ထမ္းမ်ားတက္ေရာက္ၾကပါသည္။


ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့် ပျဉ်းမနားသကြားစက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံ
==============================
ပျဥ်းမနား ဇူလိုင် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု့ဆောင်၊အလုပ်သမားရေးရာ တာဝန်ခံဦးမောင်မြင့်သည်ဇူလိုင် (၆)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်မနားမြို့နယ်၊ပျဉ်းမနားသကြားစက်ရုံဝန်ထမ်း များနှင့်တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။

ပထမဦးစွာ ဦးမောင်မြင့် မှ အလုပ်သမားများ နှင့် ပတ်သက်၍ သိသင့် သိထိုက်သောလူမှုဖူလုံရေးအကြောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများကိုရှင်းလင်း ဆွေးနွေးပါသည်။ ထို့နောက်တက်ရောက်လာသူများထဲမှဦးကျော်ဆွေ မှ သကြားစက်ဝန်ထမ်းဘဝ ဖြတ်သန်းပုံ အဆင့်ဆင့် နှင့် လိုအပ်ချပ်များကို တင်ပြဆွေးနွေးပါသည်။နိဂုံးချုပ် တွင်ဦးမောင်မြင့် မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီးစက်ရုံအလုပ်သမားများကိုးကွယ်ပူဇော်နိုင်ရန်အတွက် ဘုရားဆင်းတုတော်(၄၀)ဆူကိုလှူဒါန်းခဲ့ပါသည်။

တွေ့ဆုံပွဲ သို့ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေ၊နာယက ဦးခင်မောင်ဌေး ၊ကော်မတီဝင်
ဒေါ်သီတာထွေး၊ဦးအောင်မြင့်ကြိုင်၊ဦးဖိုးသိန်၊ဒေါ်ဖြူဖြူကျော်၊ပမနခရိုင်ပါတီ ဥက္ကဌ ဦးထက်မင်းအောင် ကော်မတီဝင် ဦးစံဝင်း ပျဉ်းမနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့်ကော်မတီဝင်များ၊သကြားစက် ဝန်ထမ်းများတက်ရောက်ကြပါသည်။