ျပည္ခိုင္ၿဖိဳးပါတီလူငယ္ေရးရာတာဝန္ခံမ်ား လႈိင္သာယာ အေရွ႕/အေနာက္ ၿမိဳ႕နယ္ လူငယ္မ်ားႏွင့္ေတြ႕ဆုံ
ျပည္ခိုင္ၿဖိဳးပါတီလူငယ္ေရးရာတာဝန္ခံမ်ား လႈိင္သာယာ အေရွ႕/အေနာက္ ၿမိဳ႕နယ္ လူငယ္မ်ားႏွင့္ေတြ႕ဆုံ
========================
လႈိင္သာယာ ဇူလိုင္ ၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ လူငယ္ေရးရာတာဝန္ခံမ်ားျဖစ္ၾကသည့္ ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေဒၚသိဂႌဝင္းေ႐ႊတို႔သည္ ဇူလိုင္ (၆)ရက္ေန႔တြင္ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ခ႐ိုင္၊လႈိင္သာယာ အေရွ႕/အေနာက္ ၿမိဳ႕နယ္ လူငယ္မ်ားႏွင့္လႈိင္သာယာၿမိဳ႕နယ္ပါတီ႐ုံး၌ ေတြ႕ဆုံခဲ့ပါသည္။
ေရွ႕ဦးစြာ ႏိုင္ငံေတာ္အလံအေလးျပဳျခင္းႏွင့္ ႏိုင္ငံေတာ္သီခ်င္း သံၿပိဳင္သီဆို၍ ဖြင့္လွစ္ခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ လူငယ္ေရးရာတာဝန္ခံ ေဒါက္တာေအာင္ျမတ္ဦးမွ ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ဗဟိုအလုပ္အမႈေဆာင္ ေဒၚသိဂႌဝင္းေ႐ႊမွ လူငယ္က႑ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ၿပီး ရန္ကုန္တိုင္းလူငယ္ေရးရာတာဝန္ခံ ေဒါက္တာထြန္းထြန္းဝင္းမွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပဲခူးတိုင္းေဒသႀကီးလူငယ္ေရးရာတာဝန္ခံ ေဒါက္တာသန္႔ေဇာ္လြင္မွ လူငယ္ေရးရာကိစၥရပ္မ်ား ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအားလည္းေကာင္း၊ ပဲခူးတိုင္းေဒႀကီး(အေနာက္) လူငယ္တာဝန္ခံ ဦးတင့္လြင္မွ လူငယ္ေရးရာကိစၥရပ္မ်ား ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအားလည္းေကာင္း၊ ဧရာဝတီတိုင္းေဒသႀကီး ေညာင္းတုန္းၿမိဳ႕နယ္ပါတီဥကၠ႒ ဦးေစာမ်ိဳးသီဟမွ ဧရာဝတီတိုင္းေဒႀကီးအတြင္းရွိ လူငယ္ေရးရာကိစၥ ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအား အသီးသီးတင္ျပခဲ့ၾကပါသည္။
အင္းစိန္ခ႐ိုင္ပါတီဥကၠ႒ ဦးမင္းသူထြန္းမွ ခ႐ိုင္အတြင္းရွိၿမိဳ႕နယ္မ်ား၏ လႈပ္ရွားေဆာင္႐ြက္ မႈမ်ားအားလည္းေကာင္း၊ အင္းစိန္ၿမိဳ႕နယ္ပါတီဥကၠ႒ ဦးသူရိန္လင္းမွ ၿမိဳ႕နယ္အတြင္း ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားအားလည္းေကာင္း တင္ျပခဲ့ၾကပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကေသာ လူငယ္ေလးမ်ား သိရွိလိုသည္မ်ားအား ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ အျပန္အလွန္ေမးျမန္းျခင္း ေျဖၾကားျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္းသိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံများ လှိုင်သာယာ အရှေ့/အနောက် မြို့နယ် လူငယ်များနှင့်တွေ့ဆုံ
========================
လှိုင်သာယာ ဇူလိုင် ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတာဝန်ခံများဖြစ်ကြသည့် ဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည် ဇူလိုင် (၆)ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ အရှေ့/အနောက် မြို့နယ် လူငယ်များနှင့်လှိုင်သာယာမြို့နယ်ပါတီရုံး၌ တွေ့ဆုံခဲ့ပါသည်။
ရှေ့ဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေမှ လူငယ်ကဏ္ဍကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ရန်ကုန်တိုင်းလူငယ်ရေးရာတာဝန်ခံ ဒေါက်တာထွန်းထွန်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပဲခူးတိုင်းဒေကြီး(အနောက်) လူငယ်တာဝန်ခံ ဦးတင့်လွင်မှ လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောမျိုးသီဟမှ ဧရာဝတီတိုင်းဒေကြီးအတွင်းရှိ လူငယ်ရေးရာကိစ္စ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြပါသည်။
အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်းမှ ခရိုင်အတွင်းရှိမြို့နယ်များ၏ လှုပ်ရှားဆောင်ရွက် မှုများအားလည်းကောင်း၊ အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသူရိန်လင်းမှ မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း တင်ပြခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသော လူငယ်လေးများ သိရှိလိုသည်များအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အပြန်အလှန်မေးမြန်းခြင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။