တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္ၿပီးပါက သူနာျပဳ-သားဖြားဒီပလိုမာႏွင့္ ဘက္စုံသားဖြားဒီပလိုမာေလွ်ာက္ထားႏိုင္
တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္ၿပီးပါက သူနာျပဳ-သားဖြားဒီပလိုမာႏွင့္ ဘက္စုံသားဖြားဒီပလိုမာေလွ်ာက္ထားႏိုင္
=======================
၂၀၂၅ ခုႏွစ္ မတိုင္မီတကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သူမ်ားအေနျဖင့္သူနာျပဳ-သားဖြားဒီပလိုမာႏွင့္ ဘက္စုံသားဖြားဒီပလိုမာေလွ်ာက္ထားႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။
၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ (၂) ရက္တြင္ ဖြင့္လွစ္မည့္ သူနာျပဳ-သားဖြားဒီပလိုမာ (၃) ႏွစ္သင္တန္းႏွင့္ ဘက္စုံသားဖြားဒီပလိုမာ (၂) ႏွစ္သင္တန္းတို႔ကို စတင္ေလွ်ာက္ထားႏိုင္ၿပီျဖစ္သည္။
ေလွ်ာက္ထားသူမ်ားမွာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသား ျဖစ္ရမည္ျဖစ္ၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သူ ျဖစ္ရမည္ျဖစ္သည္။
ထို႔ျပင္ ေလွ်ာက္လႊာပိတ္သည့္ ဩဂုတ္လ ၂၈ ရက္မတိုင္မီ အသက္ ၂၅ ႏွစ္ထက္ေက်ာ္လြန္သူမျဖစ္ရပဲျပစ္မႈကင္းရွင္းသူ၊ အက်င့္စာရိတၱေကာင္းမြန္သူ ျဖစ္ရမည္ျဖစ္သည့္အျပင္ အိမ္ေထာင္မရွိသူ (အပ်ိဳ/လူပ်ိဳ) ျဖစ္ရမည္ျဖစ္သည္။
ဌာနဆိုင္ရာဝန္ထမ္းျဖစ္လွ်င္ ေလွ်ာက္လႊာမူရင္းကို မိမိသက္ဆိုင္ရာဦးစီးဌာန အႀကီးအကဲမွတဆင့္ ေလွ်ာက္ထားရမည္ျဖစ္ကာ ေလွ်ာက္လႊာမ်ားကို ျမန္မာ၊ အဂၤလိပ္စာ၊ သခ်ၤာ (၃) ဘာသာရမွတ္ေပါင္းကို မူတည္၍ ေ႐ြးခ်ယ္မည္ျဖစ္သည္။
သင္တန္းကို ၿပီးဆုံးေအာင္ မတက္ေရာက္လွ်င္ျဖစ္ေစ၊ သင္တန္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္လွ်င္ျဖစ္ေစ၊ သူနာျပဳ-သားဖြားဒီပလိုမာသင္တန္းအတြက္ (၈) သိန္းႏွင့္ ဘက္စုံသားဖြားဒီပလိုမာသင္တန္းအတြက္ (၃) သိန္း ေပးေလ်ာ္ႏိုင္သူျဖစ္ရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
သင္တန္းေအာင္ျမင္ၿပီး ႏိုင္ငံ့ဝန္ထမ္းအျဖစ္ခန႔္အပ္ပါက မည္သည့္ေဒသတြင္မဆို အနည္းဆုံး (၃) ႏွစ္ႏွင့္ ပညာသင္ေထာက္ပံ့ေၾကးခံစားထားသူမ်ားအတြက္ အနည္းဆုံး (၅) ႏွစ္ မပ်-က္မကြ-က္ တာဝန္ထမ္းေဆာင္ႏိုင္သူျဖစ္ေၾကာင္း ဝန္ခံကတိေရးထိုးရမည္ျဖစ္သည္။
သင္တန္းတက္ေရာက္ခြင့္ရရွိပါက တကၠသိုလ္/ေကာလိပ္/အေဝးသင္ တက္ေနသူျဖစ္လွ်င္ သင္တန္းကာလအတြင္း ပညာသင္ ေခတၱရပ္နားခြင့္ျပဳေၾကာင္း သက္ဆိုင္ရာ ေက်ာင္းအုပ္/အႀကီးအကဲ၏ ေထာက္ခံစာမူရင္းကို တက္ခြင့္ရမည့္ သူနာျပဳ/သားဖြား/ႏွီးႏြယ္ သင္တန္းေက်ာင္းသို႔ ေပးအပ္ႏိုင္ရမည္။
ေလွ်ာက္လႊာမ်ားကို က်န္းမာေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာနတို႔၏ အင္တာနက္စာမ်က္ႏွာတြင္ ရယူၿပီး ျပည့္စုံ၊ တိက်၊ ပီသစြာ ျဖည့္စြက္၍ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ ပူးတြဲၿပီး တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့သည့္ စာစစ္ဌာနတည္ရွိေသာ တိုင္းေဒသႀကီး/ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔သာ ဩဂုတ္လ (၂၉) ရက္ထက္ ေနာက္မက်ေစဘဲ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္သည္။ www.hrh.gov.mm
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးပါက သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်
=======================
၂၀၂၅ ခုနှစ် မတိုင်မီတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေဖြင့်သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းတို့ကို စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
လျှောက်ထားသူများမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် လျှောက်လွှာပိတ်သည့် ဩဂုတ်လ ၂၈ ရက်မတိုင်မီ အသက် ၂၅ နှစ်ထက်ကျော်လွန်သူမဖြစ်ရပဲပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်ဖြစ်သည့်အပြင် အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်ဖြစ်သည်။
ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် လျှောက်လွှာမူရင်းကို မိမိသက်ဆိုင်ရာဦးစီးဌာန အကြီးအကဲမှတဆင့် လျှောက်ထားရမည်ဖြစ်ကာ လျှောက်လွှာများကို မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ သူနာပြု-သားဖွားဒီပလိုမာသင်တန်းအတွက် (၈) သိန်းနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းအတွက် (၃) သိန်း ပေးလျော်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
သင်တန်းအောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို အနည်းဆုံး (၃) နှစ်နှင့် ပညာသင်ထောက်ပံ့ကြေးခံစားထားသူများအတွက် အနည်းဆုံး (၅) နှစ် မပျ-က်မကွ-က် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူဖြစ်လျှင် သင်တန်းကာလအတွင်း ပညာသင် ခေတ္တရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကို တက်ခွင့်ရမည့် သူနာပြု/သားဖွား/နှီးနွယ် သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမည်။
လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာတွင် ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိသော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သာ ဩဂုတ်လ (၂၉) ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ www.hrh.gov.mm