ဂါဇာတြင္ ရက္ေပါင္း ၆၀ အတြင္း အပစ္အခတ္ရပ္ဆိုင္းေရး အၿပီးသတ္ခ်မွတ္ရန္ အစၥေရးသေဘာတူဟုဆို
ဂါဇာတြင္ ရက္ေပါင္း ၆၀ အတြင္း အပစ္အခတ္ရပ္ဆိုင္းေရး အၿပီးသတ္ခ်မွတ္ရန္ အစၥေရးသေဘာတူဟုဆို
===============================
ဂါဇာကမ္းေျမာင္ေဒသတြင္ ရက္ေပါင္း ၆၀ အတြင္း အပစ္အခတ္ရပ္ဆိုင္းေရး အၿပီးသတ္ခ်မွတ္ရန္ အစၥေရးႏိုင္ငံက သေဘာတူညီလိုက္ၿပီျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာသည္။
အပစ္အခတ္ရပ္စဲႏိုင္ေရးအတြက္ အေမရိကန္ကိုယ္စားလွယ္မ်ားက အစၥေရးႏိုင္ငံမွတာဝန္ရွိသူမ်ားႏွင့္ ဇူလိုင္လ ၁ ရက္ တြင္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ သေဘာတူညီခ်က္ခ်မွတ္ႏိုင္ျခင္း ျဖစ္ေၾကာင္း ထရမ့္က ၎၏ ဆိုရွယ္ မီဒီယာေပၚတြင္ ေရးသားေဖာ္ျပထားသည္။
အဆိုပါကာလအတြင္း အေမရိကန္အေနျဖင့္ အပစ္အခတ္ရပ္စဲေရးႏွင့္ စစ္ပြဲကို အၿပီးသတ္ရပ္ဆိုင္းႏိုင္ေရးအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲေရး အၿပီးသတ္ခ်မွတ္ႏိုင္ေရးအတြက္ အီဂ်စ္ႏွင့္ ကာတာ ႏိုင္ငံတို႔က ေနာက္ဆုံးအဆိုျပဳခ်က္ကို တင္သြင္းမည္ျဖစ္ၿပီး ပါလက္စတိုင္းရွိဟားမက္အဖြဲ႕ႏွင့္ အစၥေရးတို႔အၾကား အဆိုပါသေဘာတူညီခ်က္ကို လက္ခံႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ထရမ့္က ဆက္လက္ေျပာၾကားသည္။
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလမွစ၍ ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားခဲ့သည့္ လက္နက္ကိုင္ပဋိပကၡမ်ားအတြင္း ပါလက္စတိုင္း ျပည္သူ ၅၇,၀၀၀ ေက်ာ္ေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္း RNA သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
ဂါဇာတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးသဘောတူဟုဆို
===============================
ဂါဇာကမ်းမြောင်ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှတာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်ချမှတ်နိုင်ခြင်း ဖြစ်ကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ် မီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာ နိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါလက်စတိုင်း ပြည်သူ ၅၇,၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း RNA သတင်းဌာန ဖော်ပြချက်အရ သိရသည်။