ကလပ္ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ တစ္မိနစ္ ၿငိမ္သက္မည္

ကလပ္ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ တစ္မိနစ္ ၿငိမ္သက္မည္
=======================
လီဗာပူးလ္အသင္းက ေပၚတူဂီတိုက္စစ္ကစားသမား ဒီယိုဂိုဂ်ိဳတာနဲ႔ ညီျဖစ္သူ အန္ဒေရေဆးလ္ဗားတို ကားမေတာ္တဆမႈနဲ႔ ေသဆုံးခဲ့ျခင္းအတြက္ ကလပ္ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ တစ္မိနစ္ၿငိမ္သက္သြားမယ္လို သိရပါတယ္။

ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြကို ဒီေန႔ညမွာ စတင္ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ကြာတားဖိုင္နယ္(၄)ပြဲက ဖလူမင္နိစ္ – အယ္လ္ဟီလာ၊ ပါးလ္မီးရပ္စ္ – ခ်ယ္လ္ဆီး၊ PSG – ဘိုင္ယန္ျမဴးနစ္၊ ရီးယဲလ္မက္ဒရစ္ – ေဒါ့မြန္တိုျဖစ္ပါတယ္။

ဂ်ိဳတာတိုညီအစ္ကို ႐ုတ္တရက္ေသဆုံးခဲ့ျခင္းအတြက္ ေဘာလုံးေလာကမွာ ဝမ္းနည္းေၾကကြဲေၾကာင္း ေျပာၾကားမႈေတြ၊ ဝမ္းနည္းျခင္းအထိမ္းအမွတ္ေတြ ျပဳလုပ္ေနၾကၿပီး အမ်ိဳးသမီးယူ႐ိုၿပိဳင္ပြဲမွာလည္း တစ္မိနစ္ၿငိမ္သက္မႈ ျပဳလုပ္ခဲ့တယ္လို သိရပါတယ္။

ဖီဖာက ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပရိသတ္ၾကည့္ရႈမႈႏႈန္း ျမင့္တက္လာေစဖိုအတြက္ လက္မွတ္ေစ်းႏႈန္းေတြကို ေလွ်ာ့ခ်ေပးေနၿပီး ဖလူမင္နိစ္ – အယ္လ္ဟီလာပြဲကို (၁၁)ေဒၚလာဝန္းက်င္နဲ႔ ေရာင္းခ်ေပးေနတယ္လို႔ သိရပါတယ္။


ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်မည်
=======================
လီဗာပူးလ်အသင်းက ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ခြင်းအတွက် ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်သွားမယ်လို သိရပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီနေ့ညမှာ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ကွာတားဖိုင်နယ်(၄)ပွဲက ဖလူမင်နိစ် – အယ်လ်ဟီလာ၊ ပါးလ်မီးရပ်စ် – ချယ်လ်ဆီး၊ PSG – ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ် – ဒေါ့မွန်တိုဖြစ်ပါတယ်။

ဂျိုတာတိုညီအစ်ကို ရုတ်တရက်သေဆုံးခဲ့ခြင်းအတွက် ဘောလုံးလောကမှာ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမှုတွေ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်နေကြပြီး အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း တစ်မိနစ်ငြိမ်သက်မှု ပြုလုပ်ခဲ့တယ်လို သိရပါတယ်။

ဖီဖာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်ကြည့်ရှုမှုနှုန်း မြင့်တက်လာစေဖိုအတွက် လက်မှတ်စျေးနှုန်းတွေကို လျှော့ချပေးနေပြီး ဖလူမင်နိစ် – အယ်လ်ဟီလာပွဲကို (၁၁)ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။