အာရွဖလား အမ်ိဳးသမီးေျခစစ္ပြဲတြင္ ျမန္မာအသင္း ဘဂၤလာေဒ့ရွ္ကို ရႈံးနိမ့္ခဲ့

အာရွဖလား အမ်ိဳးသမီးေျခစစ္ပြဲတြင္ ျမန္မာအသင္း ဘဂၤလာေဒ့ရွ္ကို ရႈံးနိမ့္ခဲ့
==============================
မေန႔က ဇူလိုင္ ၂ ရက္ ညေနပိုင္းအခ်ိန္၌ ၂၀၂၆ အာရွဖလားဝင္ေရာက္ခြင့္ အုပ္စုအဆင့္ ဒုတိယပြဲစဥ္တြင္ ျမန္မာႏွင့္ ဘဂၤလာေဒ့ရွ္ အသင္းလက္ေ႐ြးစင္ အမ်ိဳး သမီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားရာ ျမန္မာအသင္းမွာ ၂ဂိုး ၁ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ရသည္။

ယင္းပြဲစဥ္တြင္ ဘဂၤလားေဒ့ရွ္အသင္း က ၂ ဂိုးသြင္းယူခဲ့ၿပီး၊ ျမန္မာအသင္းက ေခ်ပဂိုး ၁ ဂိုးျပန္လည္သြင္းယူႏိုင္ခဲ့သည့္အတြက္ ၁ဂိုးအေက်ာျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ဘဂၤလားေဒ့ရွ္အသင္းအား ျမန္မာအသင္းအေနျဖင့္ သတိထားယွဥ္ၿပိဳင္ရမည့္ ၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္ သည္ႏွင့္အညီ ျမန္မာအသင္းမွာ အုပ္စုအဆင့္၏ ပထမဦး ရႈံးပြဲႀကဳံခဲ့ရျခင္းလည္းျဖစ္သည္။

ျမန္မာအသင္းသည္ ဇူလိုင္ ၅ ရက္ေန႔ ညေနပိုင္းအခ်ိန္၌ ဘာရိန္းအသင္းျဖင့္ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားၾကရမည္ျဖစ္သည္။

ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးအသင္းႏွင့္ ထိပ္တိုက္ ေတြ႕ဆုံေနသည့္ ဘဂၤလားေဒရွ႕ အသင္းသည္ ဖီဖာအဆင့္ (၁၂၈)ရွိကာ အဂၤလန္သား ပရီမီးယားလိဂ္ ကစား သမားေဟာင္း နည္းျပ ပီတာဘတၱလာက တာဝန္ယူကိုင္တြယ္ေနကာ ကစားသမား အားလုံးမွာ ဘဂၤလားေဒရွ႕ အမ်ိဳးသမီးလိဂ္ ျပည္တြင္းကစားသမား မ်ားျဖင့္ဖြဲ႕စည္းထားေသာ အသင္းတစ္သင္းျဖစ္သည္။


အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း ဘင်္ဂလာဒေ့ရှ်ကို ရှုံးနိမ့်ခဲ့
==============================
မနေ့က ဇူလိုင် ၂ ရက် ညနေပိုင်းအချိန်၌ ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ဒုတိယပွဲစဉ်တွင် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် အသင်းလက်ရွေးစင် အမျိုး သမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှာ ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ယင်းပွဲစဉ်တွင် ဘင်္ဂလားဒေ့ရှ်အသင်း က ၂ ဂိုးသွင်းယူခဲ့ပြီး၊ မြန်မာအသင်းက ချေပဂိုး ၁ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည့်အတွက် ၁ဂိုးအကျောဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အသင်းအား မြန်မာအသင်းအနေဖြင့် သတိထားယှဉ်ပြိုင်ရမည့် ပြိုင်ဘက်အသင်းတစ်သင်းဖြစ် သည်နှင့်အညီ မြန်မာအသင်းမှာ အုပ်စုအဆင့်၏ ပထမဦး ရှုံးပွဲကြုံခဲ့ရခြင်းလည်းဖြစ်သည်။

မြန်မာအသင်းသည် ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဘာရိန်းအသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ထိပ်တိုက် တွေ့ဆုံနေသည့် ဘင်္ဂလားဒေရှ့ အသင်းသည် ဖီဖာအဆင့် (၁၂၈)ရှိကာ အင်္ဂလန်သား ပရီမီးယားလိဂ် ကစား သမားဟောင်း နည်းပြ ပီတာဘတ္တလာက တာဝန်ယူကိုင်တွယ်နေကာ ကစားသမား အားလုံးမှာ ဘင်္ဂလားဒေရှ့ အမျိုးသမီးလိဂ် ပြည်တွင်းကစားသမား များဖြင့်ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။