ျခင္ တစ္ေကာင္ အ႐ြယ္အစားပဲ ရွိတဲ့ ဒ႐ုန္းကို တ႐ုတ္ တီထြင္
ျခင္ တစ္ေကာင္ အ႐ြယ္အစားပဲ ရွိတဲ့ ဒ႐ုန္းကို တ႐ုတ္ တီထြင္
===================================
တ႐ုတ္ႏိုင္ငံက ျခင္တစ္ေကာင္အ႐ြယ္အစားေလာက္ပဲရွိတဲ့ သူလွ်ိဳဒ႐ုန္းတစ္ခုကို တီထြင္လိုက္ၿပီး စစ္ေရးေထာက္လွမ္းမႈေလာကကို တုန္လႈပ္ေစခဲ့ပါတယ္။
ဒီဒ႐ုန္းအေသးေလးဟာ အင္းဆက္ပိုးေကာင္တစ္ေကာင္လို ေတာင္ပံခတ္ၿပီး ပ်ံသန္းႏိုင္တဲ့အျပင္ အထဲမွာ အလြန္ေသးငယ္တဲ့ ကင္မရာနဲ႔ မိုက္ခ႐ိုဖုန္းေတြ သယ္ေဆာင္ထားႏိုင္ပါတယ္။ သူ႔ရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ ရန္သူ႔နယ္ေျမထဲကို ဘယ္သူမွမသိဘဲ ဝင္ေရာက္ၿပီး အေရးႀကီးတဲ့ အခ်က္အလက္ေတြ စုေဆာင္းဖို႔ပါပဲ။
တ႐ုတ္ရဲ႕ ကာကြယ္ေရးနည္းပညာတကၠသိုလ္ (NUDT) က တီထြင္ခဲ့တဲ့ ဒီဒ႐ုန္းဟာ သာမန္မ်က္စိနဲ႔ၾကည့္ရင္ အင္းဆက္တစ္ေကာင္လို႔ပဲ ထင္ရေလာက္ေအာင္ ေသးငယ္လြန္းတာေၾကာင့္ ေရဒါေတြမွာေတာင္ ဖမ္းမိဖို႔မလြယ္ပါဘူး။ စမတ္ဖုန္းနဲ႔ေတာင္ ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ဆိုပါတယ္။
အတိုခ်ဳပ္ေျပာရရင္ ဒါဟာ သူလွ်ိဳ႐ုပ္ရွင္ေတြထဲက စိတ္ကူးယဥ္နည္းပညာတစ္ခု လက္ေတြ႕ျဖစ္လာတာပါပဲ။ အနာဂတ္မွာ လုံၿခဳံေရးနဲ႔ ေထာက္လွမ္းေရးလုပ္ငန္းေတြရဲ႕ အခင္းအက်င္းကို လုံးဝေျပာင္းလဲပစ္ႏိုင္တဲ့ တီထြင္မႈတစ္ခုလည္း ျဖစ္ပါတယ္။
Ref : South China Morning Post
ခြင် တစ်ကောင် အရွယ်အစားပဲ ရှိတဲ့ ဒရုန်းကို တရုတ် တီထွင်
===================================
တရုတ်နိုင်ငံက ခြင်တစ်ကောင်အရွယ်အစားလောက်ပဲရှိတဲ့ သူလျှိုဒရုန်းတစ်ခုကို တီထွင်လိုက်ပြီး စစ်ရေးထောက်လှမ်းမှုလောကကို တုန်လှုပ်စေခဲ့ပါတယ်။
ဒီဒရုန်းအသေးလေးဟာ အင်းဆက်ပိုးကောင်တစ်ကောင်လို တောင်ပံခတ်ပြီး ပျံသန်းနိုင်တဲ့အပြင် အထဲမှာ အလွန်သေးငယ်တဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းတွေ သယ်ဆောင်ထားနိုင်ပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရန်သူ့နယ်မြေထဲကို ဘယ်သူမှမသိဘဲ ဝင်ရောက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေ စုဆောင်းဖို့ပါပဲ။
တရုတ်ရဲ့ ကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) က တီထွင်ခဲ့တဲ့ ဒီဒရုန်းဟာ သာမန်မျက်စိနဲ့ကြည့်ရင် အင်းဆက်တစ်ကောင်လို့ပဲ ထင်ရလောက်အောင် သေးငယ်လွန်းတာကြောင့် ရေဒါတွေမှာတောင် ဖမ်းမိဖို့မလွယ်ပါဘူး။ စမတ်ဖုန်းနဲ့တောင် ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။
အတိုချုပ်ပြောရရင် ဒါဟာ သူလျှိုရုပ်ရှင်တွေထဲက စိတ်ကူးယဉ်နည်းပညာတစ်ခု လက်တွေ့ဖြစ်လာတာပါပဲ။ အနာဂတ်မှာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေရဲ့ အခင်းအကျင်းကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ တီထွင်မှုတစ်ခုလည်း ဖြစ်ပါတယ်။
Ref : South China Morning Post