အီလြန္မက္စ္ က ေဒၚနယ္ထရန႔္ ကို ျဖဳတ္ခ်ဖို႔ ပါတီေထာင္မယ္လို႔ ဆို
အီလြန္မက္စ္ က ေဒၚနယ္ထရန႔္ ကို ျဖဳတ္ခ်ဖို႔ ပါတီေထာင္မယ္လို႔ ဆို
============================================
အေမရိကန္ရဲ႕ ႏိုင္ငံေရးဇာတ္ခုံေပၚမွာ အႀကီးမားဆုံးၿပိဳင္ဆိုင္မႈတစ္ခု ျဖစ္ပြားေနပါၿပီ။ တစ္ဖက္က သမၼတ ေဒၚနယ္ထရန႔္၊ ေနာက္တစ္ဖက္ကေတာ့ ကမာၻ႔အခ်မ္းသာဆုံးနဲ႔ သူ႔ရဲ႕ပါတီကို ေငြအမ်ားဆုံးေထာက္ပံ့ထားတဲ့ အီလြန္မက္စ္ပါ။
ဇာတ္လမ္းကေတာ့ ထရန႔္ရဲ႕ အသုံးစရိတ္ဥပေဒၾကမ္းကို မက္စ္ကလုံးဝမႀကိဳက္တာကေန စတာပါပဲ။ “ဒီဥပေဒကိုသာအတည္ျပဳရင္ မနက္ျဖန္မွာတင္ ‘အေမရိကပါတီ’ ဆိုၿပီး ပါတီသစ္ေထာင္မယ္၊ ၿပီးေတာ့ ခင္ဗ်ားတို႔အမတ္ေတြကို ေ႐ြးေကာက္ပြဲမွာ ရႈံးေအာင္ ကြၽန္ေတာ့္ပိုက္ဆံနဲ႔တိုက္မယ္” ဆိုၿပီး မက္စ္က တရားဝင္ၿခိမ္းေျခာက္လိုက္ပါတယ္။
ထရန႔္ကလည္း လက္ေလွ်ာ့မေပးပါဘူး။ “ငါတို႔အစိုးရရဲ႕ ေထာက္ပံ့ေၾကးမရွိရင္ မင္းကုမၸဏီေတြပိတ္ၿပီး ေတာင္အာဖရိကကို ျပန္ေျပးရမွာ” ဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။
ဒီပြဲမွာ ဘယ္သူႏိုင္မလဲ? ဒါဟာ ရီပတ္ဘလစ္ကန္ပါတီရဲ႕ အႀကီးမားဆုံး အက္ကြဲမႈျဖစ္လာႏိုင္သလို၊ အေမရိကန္ႏိုင္ငံေရးမွာ သမၼတတစ္ေယာက္နဲ႔ နည္းပညာဘီလီယံနာတစ္ေယာက္တို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈၿပိဳင္ဆိုင္ပြဲလည္း ျဖစ္ပါတယ္။
#DigitalTimes
Ref : New York Times
အီလွန်မက်စ် က ဒေါ်နယ်ထရန့် ကို ဖြုတ်ချဖို့ ပါတီထောင်မယ်လို့ ဆို
============================================
အမေရိကန်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အကြီးမားဆုံးပြိုင်ဆိုင်မှုတစ်ခု ဖြစ်ပွားနေပါပြီ။ တစ်ဖက်က သမ္မတ ဒေါ်နယ်ထရန့်၊ နောက်တစ်ဖက်ကတော့ ကမ္ဘာ့အချမ်းသာဆုံးနဲ့ သူ့ရဲ့ပါတီကို ငွေအများဆုံးထောက်ပံ့ထားတဲ့ အီလွန်မက်စ်ပါ။
ဇာတ်လမ်းကတော့ ထရန့်ရဲ့ အသုံးစရိတ်ဥပဒေကြမ်းကို မက်စ်ကလုံးဝမကြိုက်တာကနေ စတာပါပဲ။ “ဒီဥပဒေကိုသာအတည်ပြုရင် မနက်ဖြန်မှာတင် ‘အမေရိကပါတီ’ ဆိုပြီး ပါတီသစ်ထောင်မယ်၊ ပြီးတော့ ခင်ဗျားတို့အမတ်တွေကို ရွေးကောက်ပွဲမှာ ရှုံးအောင် ကျွန်တော့်ပိုက်ဆံနဲ့တိုက်မယ်” ဆိုပြီး မက်စ်က တရားဝင်ခြိမ်းခြောက်လိုက်ပါတယ်။
ထရန့်ကလည်း လက်လျှော့မပေးပါဘူး။ “ငါတို့အစိုးရရဲ့ ထောက်ပံ့ကြေးမရှိရင် မင်းကုမ္ပဏီတွေပိတ်ပြီး တောင်အာဖရိကကို ပြန်ပြေးရမှာ” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒီပွဲမှာ ဘယ်သူနိုင်မလဲ? ဒါဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အကြီးမားဆုံး အက်ကွဲမှုဖြစ်လာနိုင်သလို၊ အမေရိကန်နိုင်ငံရေးမှာ သမ္မတတစ်ယောက်နဲ့ နည်းပညာဘီလီယံနာတစ်ယောက်တို့ရဲ့ သြဇာလွှမ်းမိုးမှုပြိုင်ဆိုင်ပွဲလည်း ဖြစ်ပါတယ်။
#DigitalTimes
Ref : New York Times