
===========================




ဗလာဒီမာပူတင် ဘီလာရုစ်သို နှစ်ရက်ကြာ ခရီးစဉ် ရောက်ရှိနေ
===========================
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ဘီလာရုစ်နိုင်ငံသို ယမန်နေ့က ရောက်ရှိလာခဲ့ပြီး သူ၏လေယာဉ်သည် မင့်စ်ခ်လေဆိပ်သို ဆင်းသက်ခဲ့သည်။

သမ္မတပူတင်သည် ကြာသပတေးနေ့နှောင်းပိုင်းတွင် ယူရေးရှားစီးပွားရေးဖိုရမ်၏ အစည်းအဝေးကြီးတွင် ပါဝင်ရန် စီစဉ်ထားပြီး၊ သောကြာနေ့တွင် EAEU (ယူရေးရှားစီးပွားရေးသမဂ္ဂ) ၏ အုပ်ချုပ်ရေးအဖွဲဖြစ်သည့် အမြင့်ဆုံးယူရေးရှားစီးပွားရေးကောင်စီအစည်းအဝေးများသို တက်ရောက်ရန် စီစဉ်ထားသည်။

ပူတင်သည် ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ကျူးဘား၊ ဥဇဘက်ကစ္စတန်တို၏ သမ္မတများနှင့် မွန်ဂိုလီးယားနှင့် UAE (အာရပ်စော်ဘွားများပြည်ထောင်စု) မှ အစိုးရအဖွဲဝင်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။