ကင္ညာဆႏၵျပပြဲေတြကို ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လူ ၁၆ ဦးေသဆုံး

ကင္ညာဆႏၵျပပြဲေတြကို ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လူ ၁၆ ဦးေသဆုံး
============================
ကင္ညာႏိုင္ငံမွာ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႕ရဲ႕ ပစ္ခတ္မႈေၾကာင့္ လူ ၁၆ ဦး ေသဆုံးခဲ့တယ္လို႔ Reuters သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

တစ္ႏွစ္ေက်ာ္ၾကာ ျဖစ္ပြားေနတဲ့ ပါလီမန္ကို ၿဖိဳခြင္းတဲ့ အခြန္ဥပေဒမူၾကမ္းကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြရဲ႕ ၿပီးခဲ့တဲ့ ဇြန္ ၂၅ ရက္ေန႔က ေသဆုံးခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

ကင္ညာႏိုင္ငံသား ေထာင္ေပါင္းမ်ားစြာဟာ ၿပီးခဲ့တဲ့ႏွစ္က လူ ၆၀ ေက်ာ္ ေသဆုံးခဲ့တဲ့ အထိမ္းအမွတ္အျဖစ္ ဆႏၵျပပြဲေတြကို လမ္းမေတြေပၚခ်ီတက္ခဲ့ၾကၿပီး ၿမိဳ႕ေတာ္ ႏိုင္႐ိုဘီမွာ ရဲေတြက မ်က္ရည္ယိုဗုံးေတြ မီးသတ္ပိုက္ေတြနဲ႔ ပစ္ခတ္ကာ လူစုခြဲခဲ့တာျဖစ္တယ္လို႔ ေဒသတြင္း မီဒီယာေတြရဲ႕ေျပာၾကားခ်က္ကိုကိုးကားၿပီး Reuters ကေဖာ္ျပပါတယ္။

ဆႏၵျပသူအခ်ိဳ႕ဟာ ရဲတပ္ဖြဲ႕နဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီး လူ ၁၆ ဦး ေသဆုံးခဲ့တာျဖစ္တယ္လို႔ ကင္ညာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ Irungu Houghton ကလည္း ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

“အမ်ားစုက ရဲေတြရဲ႕ သတ္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္” လို႔ ကင္ညာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာက ေျပာၾကားၿပီး ေသဆုံးသူေတြအနက္ အနည္းဆုံး ၈ ဦးဟာ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတာျဖစ္တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

ကာလရွည္ၾကာျဖစ္ပြားခဲ့တဲ့ ဆႏၵျပမႈေတြအတြင္း ေသဆုံးသူ ၄၀၀ ေက်ာ္ရွိခဲ့ၿပီး အဲ့ဒီအထဲမွာ သတင္းေထာက္ေတြ ဆႏၵျပသူေတြအျပင္ ရဲတပ္ဖြဲ႕ဝင္ေတြပါ ပါဝင္တယ္လို႔ X လူမႈကြန္ယက္ေတြရဲ႕ သတင္းေတြအရ သိရပါတယ္။

ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ မွတ္ခ်က္မွာေတာ့ ရာဘာက်ည္ဆန္ေတြ၊ က်ည္ဆန္ေတြ ေရအေျမာက္ေတြအပါအဝင္ အင္အားအလြန္အကြၽံအသုံးျပဳမႈေၾကာင့္ အမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။


ကင်ညာဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူ ၁၆ ဦးသေဆုံး
============================
ကင်ညာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပါလီမန်ကို ဖြိုခွင်းတဲ့ အခွန်ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရဲ့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကင်ညာနိုင်ငံသား ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့နှစ်က လူ ၆၀ ကျော် သေဆုံးခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတွေကို လမ်းမတွေပေါ်ချီတက်ခဲ့ကြပြီး မြို့တော် နိုင်ရိုဘီမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့တာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး Reuters ကဖော်ပြပါတယ်။

ဆန္ဒပြသူအချို့ဟာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ကင်ညာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Irungu Houghton ကလည်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“အများစုက ရဲတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ ကင်ညာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားပြီး သေဆုံးသူတွေအနက် အနည်းဆုံး ၈ ဦးဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကာလရှည်ကြာြဖစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ သတင်းထောက်တွေ ဆန္ဒပြသူတွေအပြင် ရဲတပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ X လူမှုကွန်ယက်တွေရဲ့ သတင်းတွေအရ သိရပါတယ်။

စောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်ချက်မှာတော့ ရာဘာကျည်ဆန်တွေ၊ ကျည်ဆန်တွေ ရေအမြောက်တွေအပါအဝင် အင်အားအလွန်အကျွံအသုံးပြုမှုကြောင့် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။