ေျမာက္ကိုရီးယားက ႏိုင္ငံအေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ ခရီးသြားေဒသသစ္ ဖြင့္လွစ္

ေျမာက္ကိုရီးယားက ႏိုင္ငံအေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ ခရီးသြားေဒသသစ္ ဖြင့္လွစ္
———————
ေျမာက္ကိုရီးယားဟာ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ တည္ေဆာက္ၿပီးစီးသြားတဲ့ ဝန္ဆန္းကမ္းေျခခရီးသြားဇုန္ကို ဖြင့္လွစ္လိုက္တယ္လို႔ ဇြန္လ ၂၆ ရက္က CNA သတင္းမွာ ေဖာ္ျပပါရွိပါတယ္။ ဒါဟာ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳး ေရးအတြက္ ေခါင္းေဆာင္ကင္ဂ်ဳံအန္းက ႏွစ္နဲ႔ခ်ီၿပီး ဦးေဆာင္လုပ္ေဆာင္ေနတဲ့ အေရးႀကီးစီမံကိန္းတစ္ခု ျဖစ္ပါ တယ္။

ေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ခရီးသြား၂၀၀၀၀ နီးပါး လာေရာက္ႏိုင္တဲ့ အဲဒီခရီးသြားဇုန္ ဖြင့္ပြဲ အခမ္းအနား ကို ေက်နပ္အားရစြာ တက္ေရာက္ခဲ့ၿပီး ႏိုင္ငံအေနနဲ႔ မၾကာခင္အတြင္း ပိုမိုႀကီးမားတဲ့ ခရီးသြားဇုန္ေတြကို တိုးခ်ဲ႕ တည္ေဆာက္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

ေခါင္းေဆာင္ကင္ဟာ ျပည္တြင္းခရီးသြားေတြအတြက္ အပန္းေျဖရာၿမိဳ႕ျဖစ္တဲ့ ဝန္ဆန္းကို ျပန္လည္တည္ေဆာက္ ေနၿပီး ေဒၚလာဘီလီယံနဲ႔ခ်ီတန္တဲ့ ခရီးသြားၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ဖြံ႕ၿဖိဳးေအာင္ ျပဳလုပ္ေနတာပါ။ ဝန္ဆန္းၿမိဳ႕ ဖြံ႕ၿဖိဳး ေရး အစီအစဥ္ေတြဟာ ပထမဆုံးေၾကညာခဲ့တဲ့ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း အဆက္မျပတ္ တိုးတက္လာခဲ့တာ ျဖစ္ပါ တယ္။

ဒါေပမဲ့ ခရီးသြားလုပ္ငန္းဟာ ကုလသမဂၢ ပိတ္ဆို႔အေရးယူေအာက္မွာမရွိတဲ့ ေျမာက္ကိုရီးယားရဲ႕ ေငြအရင္းအျမစ္ အနည္းငယ္အနက္က တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ လက္နက္အစီအစဥ္ေတြေၾကာင့္ ပိတ္ဆို႔မႈမ်ားစြာ ေအာက္မွာ ရွိေနတဲ့အေျခအေနမွာ ဝန္ဆန္းစီမံကိန္းအတြက္ အေရးပါတဲ့ ျပည္ပလုပ္ေဖာ္ကိုင္ဖက္တစ္ဦးမွ မရွိခဲ့ပါဘူး။ အဲဒီခရီးသြားဇုန္ကို ဇူလိုင္လ ၁ ရက္ကစၿပီး ျပည္တြင္းဧည့္သည္ေတြအတြက္ ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။


မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းတွင် ခရီးသွားဒေသသစ် ဖွင့်လှစ်
———————
မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ဆောက်ပြီးစီးသွားတဲ့ ဝန်ဆန်းကမ်းခြေခရီးသွားဇုန်ကို ဖွင့်လှစ်လိုက်တယ်လို့ ဇွန်လ ၂၆ ရက်က CNA သတင်းမှာ ဖော်ပြပါရှိပါတယ်။ ဒါဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးအတွက် ခေါင်းဆောင်ကင်ဂျုံအန်းက နှစ်နဲ့ချီပြီး ဦးဆောင်လုပ်ဆောင်နေတဲ့ အရေးကြီးစီမံကိန်းတစ်ခု ဖြစ်ပါ တယ်။

ခေါင်းဆောင်ကင်ဂျုံအန်းဟာ ခရီးသွား၂၀၀၀၀ နီးပါး လာရောက်နိုင်တဲ့ အဲဒီခရီးသွားဇုန် ဖွင့်ပွဲ အခမ်းအနား ကို ကျေနပ်အားရစွာ တက်ရောက်ခဲ့ပြီး နိုင်ငံအနေနဲ့ မကြာခင်အတွင်း ပိုမိုကြီးမားတဲ့ ခရီးသွားဇုန်တွေကို တိုးချဲ့ တည်ဆောက်သွားမယ်လို့ ပြောကြားထားပါတယ်။

ခေါင်းဆောင်ကင်ဟာ ပြည်တွင်းခရီးသွားတွေအတွက် အပန်းဖြေရာမြို့ဖြစ်တဲ့ ဝန်ဆန်းကို ပြန်လည်တည်ဆောက် နေပြီး ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ ခရီးသွားမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးအောင် ပြုလုပ်နေတာပါ။ ဝန်ဆန်းမြို့ ဖွံ့ဖြိုး ရေး အစီအစဉ်တွေဟာ ပထမဆုံးကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အဆက်မပြတ် တိုးတက်လာခဲ့တာ ဖြစ်ပါ တယ်။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းဟာ ကုလသမဂ္ဂ ပိတ်ဆို့အရေးယူအောက်မှာမရှိတဲ့ မြောက်ကိုရီးယားရဲ့ ငွေအရင်းအမြစ် အနည်းငယ်အနက်က တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်အစီအစဉ်တွေကြောင့် ပိတ်ဆို့မှုများစွာ အောက်မှာ ရှိနေတဲ့အခြေအနေမှာ ဝန်ဆန်းစီမံကိန်းအတွက် အရေးပါတဲ့ ပြည်ပလုပ်ဖော်ကိုင်ဖက်တစ်ဦးမှ မရှိခဲ့ပါဘူး။ အဲဒီခရီးသွားဇုန်ကို ဇူလိုင်လ ၁ ရက်ကစပြီး ပြည်တွင်းဧည့်သည်တွေအတွက် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။