ျပည္ခိုင္ၿဖိဳး ပါတီ ဗဟိုအတြင္းေရးမႈး ေဒါက္တာ သန္းထြန္း ရန္ကုန္တိုင္းေဒသႀကီး မွ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီ တာဝန္ရွိသူမ်ား ၊ စည္း႐ုံးေရးရာ တာဝန္ခံမ်ား ၊ Focal person မ်ား ႏွင့္ ေတြ႕ဆုံ
ျပည္ခိုင္ၿဖိဳး ပါတီ ဗဟိုအတြင္းေရးမႈး ေဒါက္တာ သန္းထြန္း ရန္ကုန္တိုင္းေဒသႀကီး မွ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီ တာဝန္ရွိသူမ်ား ၊ စည္း႐ုံးေရးရာ တာဝန္ခံမ်ား ၊ Focal person မ်ား ႏွင့္ ေတြ႕ဆုံ
============================
ရန္ကုန္ ဇြန္ ၂၅
ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး၊ဗဟို စည္း႐ုံးေရးရာ တာဝန္ခံ၊ေဒါက္တာသန္းထြန္း သည္ ယေန႔ ၂၅-၆-၂၀၂၅ (ဗုဒၶဟူးေန႔) တြင္ ရန္ကုန္တိုင္းေဒသႀကီး ပါတီ႐ုံး ခန္းမ တြင္ တိုင္း၊ ခ႐ိုင္ ၊ၿမိဳ႕နယ္ ပါတီ တာဝန္ရွိသူမ်ား ၊ စည္း႐ုံးေရးရာ တာဝန္ခံမ်ား၊focal person မ်ား ႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
အခမ္းအနားတြင္ေရွးဦးစြာ ႏိုင္ငံေတာ္အလံအား အေလးျပဳ ၍ ႏိုင္ငံေတာ္သီခ်င္းအားသံၿပိဳင္သီဆိုျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၾကၿပီး ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္း က အမွာစကားေျပာၾကားရာတြင္တက္ေရာက္လာသူမ်ားသည္ ျပည္ခိုင္ၿဖိဳးပါတီ မွေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ား ကိုအလႊာလိုက္ တာဝန္ယူရမည့္ focal person ေတြျဖစ္ေၾကာင္း၊ တာဝန္ယူၿပီးရင္လည္း တာဝန္ခံရမည္ျဖစ္ပါေၾကာင္း၊ ပါတီက ျပည္သူ ျပည္သူက ပါတီျဖစ္ မွ မိမိတို႔ပါတီေအာင္ႏိုင္မည္ျဖစ္ေၾကာင္း ၊ လူတန္းစား အလႊာလိုက္စည္း႐ုံးႏိုင္မွ ေအာင္ႏိုင္မည္ျဖစ္ပါေၾကာင္း ၊ ရန္ကုန္တိုင္းေဒသႀကီး တြင္ NGO ၊ INGO အဖြဲ႕မ်ား စြာရွိသည့္ အနက္ မိမိၿမိဳ႕နယ္ တြင္အဖြဲ႕မည္မွ်ရွိသည္ကိုသိရွိရန္လိုအပ္ပါေၾကာင္း ၊ ေပးအပ္ေသာ တာဝန္ယူထားသူေတြ အေနနဲ႔ မိမိတာဝန္ကိုသိေအာင္လုပ္ေဆာင္ရန္ႏွင့္ေဆာင္႐ြက္မႈမ်ားကိုအထက္အဆင့္ဆင့္သို႔ တင္ျပရန္လိုအပ္ေၾကာင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္တိုင္းပါတီအတြင္းေရးမႉး ဦးေအာင္ေက်ာ္မင္းက ေဆြးေႏြးေျပာၾကားရာ တြင္ Focal person စည္း႐ုံးေရးလုပ္ငန္းစဥ္ လမ္းၫႊန္ခ်က္ေတြအေပၚ တိက်စြာလိုက္နာေဆာင္႐ြက္ေပးေစလိုေၾကာင္း ၊ ရန္ကုန္တိုင္းေဒသႀကီး အေန ျဖင့္ အေျခခံလူတန္းစား အလႊာေတြေပၚမူတည္ၿပီးေဆာင္႐ြက္ေနပါေၾကာင္းႏွင့္ focal person မ်ား ထား ရွိေဆာင္႐ြက္ေနပါေၾကာင္းျဖင့္ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာသူမ်ား၏ ျပန္လည္ေဆြးေႏြးတင္ျပမႈမ်ားကို ဗဟိုအတြင္းေရးမႉးမွ ျပန္လည္ရွင္းလင္းေျဖၾကားၿပီး နိဂုံးခ်ဳပ္စကားေျပာၾကား ကာ အခမ္းအနား ၿပီးဆုံးခဲ့ပါသည္။
ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှုး ဒေါက်တာ သန်းထွန်း ရန်ကုန်တိုင်းဒေသကြီး မှ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ တာဝန်ရှိသူများ ၊ စည်းရုံးရေးရာ တာဝန်ခံများ ၊ Focal person များ နှင့် တွေ့ဆုံ
============================
ရန်ကုန် ဇွန် ၂၅
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ဗဟို စည်းရုံးရေးရာ တာဝန်ခံ၊ဒေါက်တာသန်းထွန်း သည် ယနေ့ ၂၅-၆-၂၀၂၅ (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး ပါတီရုံး ခန်းမ တွင် တိုင်း၊ ခရိုင် ၊မြို့နယ် ပါတီ တာဝန်ရှိသူများ ၊ စည်းရုံးရေးရာ တာဝန်ခံများ၊focal person များ နှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားတွင်ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု ၍ နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း က အမှာစကားပြောကြားရာတွင်တက်ရောက်လာသူများသည် ပြည်ခိုင်ဖြိုးပါတီ မှဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ ကိုအလွှာလိုက် တာဝန်ယူရမည့် focal person တွေဖြစ်ကြောင်း၊ တာဝန်ယူပြီးရင်လည်း တာဝန်ခံရမည်ဖြစ်ပါကြောင်း၊ ပါတီက ပြည်သူ ပြည်သူက ပါတီဖြစ် မှ မိမိတို့ပါတီအောင်နိုင်မည်ဖြစ်ကြောင်း ၊ လူတန်းစား အလွှာလိုက်စည်းရုံးနိုင်မှ အောင်နိုင်မည်ဖြစ်ပါကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး တွင် NGO ၊ INGO အဖွဲ့များ စွာရှိသည့် အနက် မိမိမြို့နယ် တွင်အဖွဲ့မည်မျှရှိသည်ကိုသိရှိရန်လိုအပ်ပါကြောင်း ၊ ပေးအပ်သော တာဝန်ယူထားသူတွေ အနေနဲ့ မိမိတာဝန်ကိုသိအောင်လုပ်ဆောင်ရန်နှင့်ဆောင်ရွက်မှုများကိုအထက်အဆင့်ဆင့်သို့ တင်ပြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက်တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက ဆွေးနွေးပြောကြားရာ တွင် Focal person စည်းရုံးရေးလုပ်ငန်းစဥ် လမ်းညွှန်ချက်တွေအပေါ် တိကျစွာလိုက်နာဆောင်ရွက်ပေးစေလိုကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အနေ ဖြင့် အခြေခံလူတန်းစား အလွှာတွေပေါ်မူတည်ပြီးဆောင်ရွက်နေပါကြောင်းနှင့် focal person များ ထား ရှိဆောင်ရွက်နေပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများ၏ ပြန်လည်ဆွေးနွေးတင်ပြမှုများကို ဗဟိုအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး နိဂုံးချုပ်စကားပြောကြား ကာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။