ေသြးလႉသင့္တဲ့အေၾကာင္းအရင္း
ေသြးလႉသင့္တဲ့အေၾကာင္းအရင္း
=========================
အက်ႌလက္ကိုေခါက္တင္ၿပီး ေသြးလႉလိုက္ပါ။ အရမ္းပီတိျဖစ္စရာေကာင္းပါတယ္။ ေရာဂါအေျခအေနတစ္ခုခုေၾကာင့္ ေသြးလိုအပ္ေနသူေတြ၊ မေတာ္တဆမႈတစ္ခုခုေၾကာင့္ ေသြးလိုအပ္ေနသူေတြကို ကိုယ့္ေသြးနဲ႔ အသက္ကယ္ႏိုင္တာက ေတာ္ေတာ္ေလး ပီတိျဖစ္စရာေကာင္းပါတယ္။ ေသြးလႉတာက သူမ်ားအသက္ကိုကယ္တင္ႏိုင္လို႔ ပီတီျဖစ္႐ုံတင္မဟုတ္ပါဘူး။ ကုသိုလ္လည္းရသလို က်န္းမာေရးအရလည္း ေကာင္းက်ိဳးေလးေတြရႏိုင္ပါေသးတယ္ေနာ္။ ဘာေတြမ်ားျဖစ္မလဲလို႔ စိတ္ဝင္စားေနၿပီလား ဆက္ေဆြးေႏြးလိုက္ရေအာင္ေနာ္။
ေသြးလႉတာက က်န္းမာေစႏိုင္တယ္လို႔ေျပာရတဲ့ အေၾကာင္းအရင္း
ေသြးလႉတာကသူမ်ားအသက္ကိုကယ္ရာေရာက္သလို ကိုယ္တိုင္မွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြေတာ္ေတာ္ေလးမ်ားပါတယ္။ ေလ့လာမႈေတြအရေတာ့ ေသြးလႉတာေၾကာင့္ အခုလိုမ်ိဳးက်န္းမာေရးအက်ိဳးေက်းဇူးေလးေတြရရွိႏိုင္တယ္၊လို႔ေတြ႕ရွိခဲ့ရပါတယ္။
ႏွလုံးေသြးေၾကာေတြကို က်န္းမာေစႏိုင္တယ္
ေသြးပ်စ္တာက ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြကို ျဖစ္ေစႏိုင္တဲ့အေၾကာင္းအရင္းပါ။ ေသြးေတြကပ်စ္ေလေလ ေသြးေၾကာေတြထဲမွာ စီးဆင္းရခက္ေလေလျဖစ္ၿပီး ေသြးေၾကာနံရံေတြကဆဲလ္ေတြကို ထိခိုက္ပ်က္စီးေစႏိုင္ေလေလပါ။ ေသြးေတြပ်စ္ေနတာကို ေျဖရွင္းေပးႏိုင္မယ့္ အေျခခံအက်ဆုံးေသာနည္းလမ္းကေတာ့ ေသြးလႉတာပါ။ ဒါေတြတင္မကပါဘူး။ ေသြးလႉတာေၾကာင့္ ႏွလုံးေရာဂါခံစားရႏိုင္ေျခနည္းသြားႏိုင္သလို ႐ုတ္တရက္ႏွလုံးရပ္တာ နဲ႔ ေလျဖတ္တာေတြခံစားရႏိုင္ေျခကို ေတာ္ေတာ္ေလးနည္းသြားေစႏိုင္ပါတယ္။ ေသြးလႉတာက ကိုယ္တြင္းက Oxidative Stress ေတြကိုေျဖေလ်ာ့ေပးႏိုင္ပါတယ္။
ကင္ဆာျဖစ္ႏိုင္ေျခကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္
ေသြးလႉလိုက္တဲ့အခါ ေသြးတြင္းက iron oxidative stress ေတြကိုေလ်ာ့က်သြားေစႏိုင္ပါတယ္။ ဒီအေျခအေနက ခႏၶာကိုယ္ကို အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာနဲ႔ကင္ဆာေရာဂါျဖစ္ႏိုင္ေျခကို က်ဆင္းေစႏိုင္ပါတယ္။ တစ္ႏွစ္ကို ႏွစ္ႀကိမ္ပုံမွန္ေသြးလႉေပးမယ္ဆိုရင္ ကင္ဆာေရာဂါေၾကာင့္ေသဆုံးႏိုင္ေျခကို သိသိသာသာေလွ်ာ့ခ်ႏိုင္မွာပါ။ ေသြးလႉတာေၾကာင့္ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊အူမႀကီးကင္ဆာ နဲ႔ လည္ေခ်ာင္းကင္ဆာေတြျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္မွာပါ။
ကိုယ္အေလးခ်ိန္ထိန္းညႇိေပးႏိုင္ပါတယ္
ေသြးလႉတာက ကိုယ္တြင္းကယ္လ္လိုရီေတြကိုေလာင္ကြၽမ္းေစႏိုင္ပါတယ္။ ပုံမွန္ေသြးလႉတာက က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းညႇိေပးႏိုင္သလို ေသြးတြင္းသံဓာတ္ကိုလည္း ထိန္းညႇိေပးႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ခ်ဖို႔စဥ္စားေနသူေတြအေနနဲ႔ စမ္းၾကည့္သင့္တဲ့နည္းလမ္းတစ္ခုပါေနာ္။
ေရာဂါရွိ၊မရွိ စစ္ေဆးခြင့္ရတယ္
ေသြးလႉတဲ့အခါ အရင္ဆုံးလုပ္ရတာက ကိုယ့္ေသြးထဲမွာေရာဂါပိုးေတြရွိေနလားဆိုတာကို စစ္ေဆးရတာပါ။ HIV၊ အသည္းေရာင္အသားဝါ နဲ႔ အျခားေသြးကေနတဆင့္ ကူးစက္ႏိုင္တဲ့ေရာဂါေတြရွိလားဆိုတာကို စစ္ေဆးရတာပါ။ ဒီစစ္ေဆးမႈကိုေအာင္ျမင္မွ ေသြးလႉခြင့္ရရွိမွာျဖစ္ၿပီး အက်ိဳးရွိတဲ့ စစ္ေဆးမႈတစ္ခုပါ။
ေသြးလႉရင္း အခုေျပာခဲ့တဲ့က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြကို ရရွိႏိုင္ၾကပါေစေၾကာင္း.
Team ( ႐ိုးရာေလး)
သွေးလှူသင့်တဲ့အကြောင်းအရင်း
=========================
အင်္ကျီလက်ကိုခေါက်တင်ပြီး သွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာက တော်တော်လေး ပီတိဖြစ်စရာကောင်းပါတယ်။ သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်း ကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။
သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း
သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။ လေ့လာမှုတွေအရတော့ သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်
သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။ သွေးတွေကပျစ်လေလေ သွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီး သွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။ သွေးတွေပျစ်နေတာကို ဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့ သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။ သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေခံစားရနိုင်ခြေကို တော်တော်လေးနည်းသွားစေနိုင်ပါတယ်။ သွေးလှူတာက ကိုယ်တွင်းက Oxidative Stress တွေကိုဖြေလျော့ပေးနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်
သွေးလှူလိုက်တဲ့အခါ သွေးတွင်းက iron oxidative stress တွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။ သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။
ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်
သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို သွေးတွင်းသံဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။
ရောဂါရှိ၊မရှိ စစ်ဆေးခွင့်ရတယ်
သွေးလှူတဲ့အခါ အရင်ဆုံးလုပ်ရတာက ကိုယ့်သွေးထဲမှာရောဂါပိုးတွေရှိနေလားဆိုတာကို စစ်ဆေးရတာပါ။ HIV၊ အသည်းရောင်အသားဝါ နဲ့ အခြားသွေးကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေရှိလားဆိုတာကို စစ်ဆေးရတာပါ။ ဒီစစ်ဆေးမှုကိုအောင်မြင်မှ သွေးလှူခွင့်ရရှိမှာဖြစ်ပြီး အကျိုးရှိတဲ့ စစ်ဆေးမှုတစ်ခုပါ။
သွေးလှူရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရရှိနိုင်ကြပါစေကြောင်း.
#Yoyarlay