အစာအိမ္အူေရာင္လို႔ ေဆး႐ုံတက္ခဲ့ရၿပီးေနာက္ ဘာေပ ၀ိတ္က်သြားခဲ့
အစာအိမ္အူေရာင္လို႔ ေဆး႐ုံတက္ခဲ့ရၿပီးေနာက္ ဘာေပ ၀ိတ္က်သြားခဲ့
===========================
အစာအိမ္ျပႆနာ ခံစားခဲ့ရတဲ့ ရီးရဲလ္တိုက္စစ္မႉး အမ္ဘာေပဟာ ၀ိတ္အလြန္က်ဆင္းသြားခဲ့ပါတယ္။
အမ္ဘာေပဟာ ကလပ္ကမာၻ႔ဖလားကစားေနတဲ့ ရီးရဲလ္အသင္း လူစာရင္းမွာ ပါဝင္ေပမဲ့ အစာအိမ္ ေရာင္ရမ္းၿပီး အဖ်ားေဝဒနာေတြ ခံစားခဲ့ရလို႔ ေဆး႐ုံတင္ခဲ့ရၿပီး အသင္းရဲ႕ အဖြင့္ပြဲစဥ္ ၂ ပြဲစလုံးလြဲေခ်ာ္ခဲ့ရတာပါ။
လက္ရွိအခ်ိန္မွာ ျပန္လည္သက္သာလာေပမဲ့ ၀ိတ္အလြန္က်ဆင္းသြားတာကို အသင္းက ထုတ္ျပန္တဲ့ဓာတ္ပုံေတြမွာ ေတြ႕ျမင္ႏိုင္ပါတယ္။
အမ္ဘာေပအေနနဲ႔ ၁၁ ေပါင္ေလာက္ ၀ိတ္က်ဆင္းသြားခဲ့ၿပီး သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈလည္း အားနည္းသြားေၾကာင္း စပိန္သတင္းစာ မာကာက ေရးသားခဲ့ပါတယ္။
နည္းျပ အလြန္ဆိုကေတာ့ အမ္ဘာေပဟာ ေဝဒနာေတြကေန သက္သာလာၿပီျဖစ္ေပမဲ့ ရာသီဥတုကလည္း ပူျပင္းတာေၾကာင့္ ပြဲကစားဖို႔အတြက္ အဆင္မေျပႏိုင္ေသးေၾကာင္း ေျပာသြားပါတယ္။
အစာအိမ်အူရောင်လို့ ဆေးရုံတက်ခဲ့ရပြီးနောက် ဘာပေ ၀ိတ်ကျသွားခဲ့
===========================
အစာအိမ်ပြဿနာ ခံစားခဲ့ရတဲ့ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေဟာ ၀ိတ်အလွန်ကျဆင်းသွားခဲ့ပါတယ်။
အမ်ဘာပေဟာ ကလပ်ကမ္ဘာ့ဖလားကစားနေတဲ့ ရီးရဲလ်အသင်း လူစာရင်းမှာ ပါဝင်ပေမဲ့ အစာအိမ် ရောင်ရမ်းပြီး အဖျားဝေဒနာတွေ ခံစားခဲ့ရလို့ ဆေးရုံတင်ခဲ့ရပြီး အသင်းရဲ့ အဖွင့်ပွဲစဉ် ၂ ပွဲစလုံးလွဲချော်ခဲ့ရတာပါ။
လက်ရှိအချိန်မှာ ပြန်လည်သက်သာလာပေမဲ့ ၀ိတ်အလွန်ကျဆင်းသွားတာကို အသင်းက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။
အမ်ဘာပေအနေနဲ့ ၁၁ ပေါင်လောက် ၀ိတ်ကျဆင်းသွားခဲ့ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလည်း အားနည်းသွားကြောင်း စပိန်သတင်းစာ မာကာက ရေးသားခဲ့ပါတယ်။
နည်းပြ အလွန်ဆိုကတော့ အမ်ဘာပေဟာ ဝေဒနာတွေကနေ သက်သာလာပြီဖြစ်ပေမဲ့ ရာသီဥတုကလည်း ပူပြင်းတာကြောင့် ပွဲကစားဖို့အတွက် အဆင်မပြေနိုင်သေးကြောင်း ပြောသွားပါတယ်။