တ႐ုတ္အေနာက္ေတာင္ပိုင္းေရႀကီးမႈေၾကာင့္ လူ ၈၀၀၀၀ ေက်ာ္ အေရးေပၚ ေျပာင္းေ႐ႊ႕ရ
တ႐ုတ္အေနာက္ေတာင္ပိုင္းေရႀကီးမႈေၾကာင့္ လူ ၈၀၀၀၀ ေက်ာ္ အေရးေပၚ ေျပာင္းေ႐ႊ႕ရ
==========================
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Guizhou ျပည္နယ္က ခ႐ိုင္ႏွစ္ခုမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ျမစ္အထက္ ပိုင္းကေရေတြ စီးဆင္းလာတာေၾကာင့္ ျပင္းထန္တဲ့ေရႀကီးမႈေတြ ျဖစ္ပြားခဲ့ၿပီး လူအမ်ားအျပားကို ေျပာင္းေ႐ႊ႕ဖို႔ အေရးေပၚလုပ္ေဆာင္ခဲ့ရတယ္လို႔ China Daily သတင္းမွာ ေဖာ္ျပပါရွိပါတယ္။
ဇြန္လ၂၄ ရက္ မြန္းလြဲ ၂ နာရီခြဲ အခ်ိန္အထိ Rongjiang ခ႐ိုင္မွာ ေနထိုင္သူ ၄၈၉၀၀ နဲ႔ Congjiang ခ႐ိုင္မွာ ေနထိုင္သူ ၃၂၀၀၀ တို႔ကို ယာယီေျပာင္းေ႐ႊ႕ေပးခဲ့ရၿပီး ေရႀကီးမႈထိန္းခ်ဳပ္ေရးအေရးေပၚတုံ႔ျပန္မႈကို ခ႐ိုင္ႏွစ္ခု စလုံးမွာ အျမင့္ဆုံးအဆင့္ထိ တိုးျမႇင့္ခဲ့ရပါတယ္။
Rongjiang ခ႐ိုင္မွာလည္း ဇြန္လ ၂၃ ရက္ ည ၈ နာရီကစၿပီး မိုးသည္းထန္စြာ ႐ြာသြန္းခဲ့တာေၾကာင့္ Cun Chao အားကစားကြင္းရဲ႕ေဘာလုံးကြင္းဟာ ေရေအာက္ သုံးမီတာအထိ နစ္ျမဳပ္သြားခဲ့ပါတယ္။ မီးသတ္သမားေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြ အပါအဝင္ ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ခ႐ိုင္ႏွစ္ခုအတြင္းမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ အတြက္ ေလွေတြနဲ႔အျခားကိရိယာေတြကို အသုံးျပဳကာ လႈပ္ရွားေဆာင္႐ြက္ေပးေနၾကပါတယ္။
ဇြန္လ ၂၄ ရက္ မြန္းလြဲ ၄ နာရီမွာေတာ့ ျပည္နယ္အေရးေပၚဌာနက ခ႐ိုင္ႏွစ္ခုကို ေသာက္ေရဘူး ၃၀၀၀၀၊ ေခါက္ဆြဲဘူး ၁၀၀၀၀ အပါအဝင္ အေရးေပၚအကူအညီပစၥည္းေတြကို ျမန္ႏႈန္းျမင့္ မီးရထားလမ္းနဲ႔ ကားလမ္း ေတြကေန ပို႔ေပးခဲ့ရတယ္လို႔ ျပည္နယ္အာဏာပိုင္ေတြက ေျပာပါတယ္။
တရုတ်အနောက်တောင်ပိုင်းရေကြီးမှုကြောင့် လူ ၈၀၀၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့ရ
==========================
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်က ခရိုင်နှစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်အထက် ပိုင်းကရေတွေ စီးဆင်းလာတာကြောင့် ပြင်းထန်တဲ့ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး လူအများအပြားကို ပြောင်းရွှေ့ဖို့ အရေးပေါ်လုပ်ဆောင်ခဲ့ရတယ်လို့ China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။
ဇွန်လ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်အထိ Rongjiang ခရိုင်မှာ နေထိုင်သူ ၄၈၉၀၀ နဲ့ Congjiang ခရိုင်မှာ နေထိုင်သူ ၃၂၀၀၀ တို့ကို ယာယီပြောင်းရွှေ့ပေးခဲ့ရပြီး ရေကြီးမှုထိန်းချုပ်ရေးအရေးပေါ်တုံ့ပြန်မှုကို ခရိုင်နှစ်ခု စလုံးမှာ အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ခဲ့ရပါတယ်။
Rongjiang ခရိုင်မှာလည်း ဇွန်လ ၂၃ ရက် ည ၈ နာရီကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် Cun Chao အားကစားကွင်းရဲ့ဘောလုံးကွင်းဟာ ရေအောက် သုံးမီတာအထိ နစ်မြုပ်သွားခဲ့ပါတယ်။ မီးသတ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ခရိုင်နှစ်ခုအတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် လှေတွေနဲ့အခြားကိရိယာတွေကို အသုံးပြုကာ လှုပ်ရှားဆောင်ရွက်ပေးနေကြပါတယ်။
ဇွန်လ ၂၄ ရက် မွန်းလွဲ ၄ နာရီမှာတော့ ပြည်နယ်အရေးပေါ်ဌာနက ခရိုင်နှစ်ခုကို သောက်ရေဘူး ၃၀၀၀၀၊ ခေါက်ဆွဲဘူး ၁၀၀၀၀ အပါအဝင် အရေးပေါ်အကူအညီပစ္စည်းတွေကို မြန်နှုန်းမြင့် မီးရထားလမ်းနဲ့ ကားလမ်း တွေကနေ ပို့ပေးခဲ့ရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။