တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီးသြားေရာက္ခဲ့ေသာ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ ျပန္လည္ေရာက္ရွိ

တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီးသြားေရာက္ခဲ့ေသာ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ ျပန္လည္ေရာက္ရွိ
========================
ဇြန္ ၂၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ အဖြဲ႕ဝင္ ၂၀ ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၁၆ ရက္ေန႔ မွ ၂၄ရက္ ေန႔ထိ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ခဲ့ၿပီး ၂၄-၆-၂၀၂၅ ရက္ေန႔ ၁၃၅၀ နာရီ ခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ၾကပါသည္။

အဆိုပါခရီးစဥ္မွ ျပန္လည္ေရာက္ရွိသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၁၀) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၄)ဦး၊ ျမန္မာ့ေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၃)ဦး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ (၂) ဦး၊ စုစုေပါင္း (၁၉)ဦးအား ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံးမွ Counsellor ျဖစ္သူ Mr.Wang Daopan ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီေကာ္မတီဝင္မ်ား၊ ႏိုင္ငံတကာေရးရာဌာနမွ တာဝန္ရွိသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရွိသူမ်ားက ႀကိဳဆို ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိပါသည္။


တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
========================
ဇွန် ၂၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မှ ၂၄ရက် နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ၂၄-၆-၂၀၂၅ ရက်နေ့ ၁၃၅၀ နာရီ ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

အဆိုပါခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄)ဦး၊ မြန်မာ့တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ (၂) ဦး၊ စုစုပေါင်း (၁၉)ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr.Wang Daopan ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။