ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာႏွင့္လႊတ္ေတာ္ေရးရာ တာဝန္ခံဦးလွသိန္း ဧရာဝတီတိုင္းေဒသႀကီးရွိ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္မ်ားရွိ ေရွ႕ေနမ်ားႏွင့္ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး

ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာႏွင့္လႊတ္ေတာ္ေရးရာ တာဝန္ခံဦးလွသိန္း ဧရာဝတီတိုင္းေဒသႀကီးရွိ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္မ်ားရွိ ေရွ႕ေနမ်ားႏွင့္ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး
=======================
ပုသိမ္ ဇြန္ ၂၄

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာႏွင့္လႊတ္ေတာ္ေရးရာ တာဝန္ခံဦးလွသိန္းသည္ ဇြန္လ ၂၄ ရက္ေန႔ နံနက္( ၉း၅၀)နာရီအခ်ိန္က ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္တာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳနယ္အသီးသီးရွိ ေရွ႕ေနမ်ားအား ဧရာဝတီတိုင္း ေဒသႀကီးျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရး ပါတီ႐ုံး၏ အစည္းအေဝး ခန္းမ၌ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

အခမ္းအနားတြင္ဦးစြာႏိုင္ငံေတာ္အလံအားအေလးျပဳျခင္း၊ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းတိုကိုေဆာင္႐ြက္ၿပီး ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းမွ လာေရာက္ေတြ႕ဆုံရျခင္း၏ ရည္႐ြယ္အားမိတ္ဆက္ရွင္းလင္းေျပာၾကားခဲ့ၿပီးေနာက္ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဖြဲစည္းပုံအေျခခံဥပေဒ၏သက္ဆိုင္ရာ အခန္း က႑မ်ားတြင္ ျပဌာန္းေဖာ္ျပထားေသာ အထူးအေရးႀကီးေသာ ဥပေဒမ်ား ၊ မိမိတိုပါတီ၏ဖြဲစည္းပုံႏွင့္ စည္းကမ္း ဥပေဒသမ်ား ၊ ေ႐ြးေကာက္ပြဲျဖတ္သန္းမႈျဖစ္စဥ္မ်ား အေတြ႕အႀကဳံမ်ား ၊ ေ႐ြးေကာက္ပြဲမ်ားတြင္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေသာ တရားမဲ့ျပဳက်င့္မႈျဖစ္ရပ္မ်ား ၊ ႏိုင္ငံေတာ္မွ ေရးဆြဲ ျဖည့္စြက္ ျပင္ဆင္ အတည္ျပဳ ျပဌာန္း ထုတ္ျပန္လွ်က္ရွိေသာ သိသင့္ သိထိုက္ေသာ အမိန္႔ ေၾကညာခ်က္မ်ား ဥပေဒဆိုင္ရာကိစၥရပ္မ်ား ၊ မိမိတိုပါတီမွ ဥပေဒေရးရာအခန္းက႑အတြက္ ဦးစားေပးေဆာင္႐ြက္ေနမႈ စသည့္ကိစၥရပ္မ်ားအားအေသးစိတ္ ခ်ျပ ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။

၎ေနာက္ တက္ေရာက္လာၾကေသာ တိုင္း ခ႐ိုင္ ၿမိဳနယ္အသီးသီး၏ပါတီတာဝန္ရွိသူမ်ား ဥပေဒပညါရွင္မ်ားမွ မိမိတို၏သိရွိလိုသည္မ်ားအားတင္ျပ ၍ ေဆြးေႏြးေမးျမန္းျခင္း ၊ ပါတီႏွင့္အတူလက္တြဲ၍ သက္ဆိုင္ရာနယ္ေျမ ေဒသမ်ားအလိုက္ ဥပေဒဆိုင္ရာကိစၥရပ္မ်ား ပူးေပါင္း ေဆာင္႐ြက္ေနမႈအေျခအေနမ်ား ၊ ပါတီအား ေဝဖန္အႀကံျပဳခ်က္မ်ားအား အသီးသီးေဆြးေႏြးတင္ျပခဲ့ၿပီး ဗဟိုအလုပ္အမႈေဆာင္မွ တင္ျပခ်က္မ်ားအေပၚ ျပန္လည္ေဆြးေႏြးရွင္းလင္းကာ အႀကံျပဳခ်က္မ်ားအေပၚမွတ္တမ္းတင္ခဲ့ၾကၿပီးတိုင္းပါတီအတြင္းေရးမႉးမွေက်းဇူးတင္စကားေျပာၾကားခဲ့ပါသည္။

ဥပေဒေရးရာေတြ႕ဆုံပြဲသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာႏွင့္လႊတ္ေတာ္ေရးရာ တာဝန္ခံဦးလွသိန္း ၊ ဗဟိုေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ဧရာဝတီတိုင္းေဒသႀကီးပါတီအတြင္းေရးမႈးေဒၚခင္ေစာမူ၊ဘ႑ာေရးမႈးဦးလွခိုင္ ၊ တိုင္းပါတီဥပေဒေရးရာတာဝန္ခံတိုင္းေကာ္မတီဦးၿပဳံးခ်ိဳ၊ေဒၚႏြယ္ႏြယ္ဦး ၊ တိုင္းေဒသႀကီး ပါတီေကာ္မတီဝင္မ်ား ၊ ခ႐ိုင္ပါတီဥကၠဌမ်ား၊ ၿမိဳနယ္ပါတီတာဝန္ရွိသူမ်ား ၊ သက္ဆိုင္
ရာ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳနယ္အသီးသီး၏ ေရွ႕ေနမ်ား ဥပ ေဒပညါရွင္မ်ားစုစုေပါင္း ( ၃၈ )ဦး တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္းသိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဥပဒေရေးရာနှင့်လွှတ်တော်ရေးရာ တာဝန်ခံဦးလှသိန်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း ခရိုင် မြို့နယ်များရှိ ရှေ့နေများနှင့် ပါတီတာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေး
=======================
ပုသိမ် ဇွန် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဥပဒေရေးရာနှင့်လွှတ်တော်ရေးရာ တာဝန်ခံဦးလှသိန်းသည် ဇွန်လ ၂၄ ရက်နေ့ နံနက်( ၉း၅၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း ၊ ခရိုင် ၊ မြို့နယ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တိုင်း ၊ ခရိုင် ၊ မြိုနယ်အသီးသီးရှိ ရှေ့နေများအား ဧရာဝတီတိုင်း ဒေသကြီးပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီရုံး၏ အစည်းအဝေး ခန်းမ၌တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားတွင်ဦးစွာနိုင်ငံတော်အလံအားအလေးပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်းတိုကိုဆောင်ရွက်ပြီး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ လာရောက်တွေ့ဆုံရခြင်း၏ ရည်ရွယ်အားမိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲစည်းပုံအခြေခံဥပဒေ၏သက်ဆိုင်ရာ အခန်း ကဏ္ဍများတွင် ပြဌာန်းဖော်ပြထားသော အထူးအရေးကြီးသော ဥပဒေများ ၊ မိမိတိုပါတီ၏ဖွဲစည်းပုံနှင့် စည်းကမ်း ဥပဒေသများ ၊ ရွေးကောက်ပွဲဖြတ်သန်းမှုဖြစ်စဥ်များ အတွေ့အကြုံများ ၊ ရွေးကောက်ပွဲများတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော တရားမဲ့ပြုကျင့်မှုဖြစ်ရပ်များ ၊ နိုင်ငံတော်မှ ရေးဆွဲ ဖြည့်စွက် ပြင်ဆင် အတည်ပြု ပြဌာန်း ထုတ်ပြန်လျှက်ရှိသော သိသင့် သိထိုက်သော အမိန့် ကြေညာချက်များ ဥပဒေဆိုင်ရာကိစ္စရပ်များ ၊ မိမိတိုပါတီမှ ဥပဒေရေးရာအခန်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်နေမှု စသည့်ကိစ္စရပ်များအားအသေးစိတ် ချပြ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော တိုင်း ခရိုင် မြိုနယ်အသီးသီး၏ပါတီတာဝန်ရှိသူများ ဥပဒေပညါရှင်များမှ မိမိတို၏သိရှိလိုသည်များအားတင်ပြ ၍ ဆွေးနွေးမေးမြန်းခြင်း ၊ ပါတီနှင့်အတူလက်တွဲ၍ သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် ဥပဒေဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ ၊ ပါတီအား ဝေဖန်အကြံပြုချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်မှ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးရှင်းလင်းကာ အကြံပြုချက်များအပေါ်မှတ်တမ်းတင်ခဲ့ကြပြီးတိုင်းပါတီအတွင်းရေးမှူးမှကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဥပဒေရေးရာတွေ့ဆုံပွဲသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဥပဒေရေးရာနှင့်လွှတ်တော်ရေးရာ တာဝန်ခံဦးလှသိန်း ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဧရာဝတီတိုင်းဒေသကြီးပါတီအတွင်းရေးမှုးဒေါ်ခင်စောမူ၊ဘဏ္ဍာရေးမှုးဦးလှခိုင် ၊ တိုင်းပါတီဥပဒေရေးရာတာဝန်ခံတိုင်းကော်မတီဦးပြုံးချို၊ဒေါ်နွယ်နွယ်ဦး ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌများ၊ မြိုနယ်ပါတီတာဝန်ရှိသူများ ၊ သက်ဆိုင်
ရာ တိုင်း ၊ ခရိုင် ၊ မြိုနယ်အသီးသီး၏ ရှေ့နေများ ဥပ ဒေပညါရှင်များစုစုပေါင်း ( ၃၈ )ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။