စပါးခြံမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးေန
စပါးခြံမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးေန
========================
ဧရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္ရွိ Global Earth Agro & Aqua ကုမၸဏီက စိုက္ပ်ိဳးေရးေဘးထြက္ ပစၥည္းျဖစ္တဲ့ စပါးခြံကေန လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေနတယ္လို႔ သိရပါတယ္။
စြန႔္ပစ္ပစၥည္းျဖစ္တဲ့ စပါးခြံကို ဝယ္ယူသုံးစြဲတာျဖစ္တဲ့အတြက္ ေတာင္သူေတြအတြက္ တစ္ဖက္တစ္လမ္းကေန ဝင္ေငြပိုမိုရရွိေစၿပီး စပါးခြံ ကေန လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈအေနနဲ႔ လွ်ပ္စစ္ဓာတ္အား ၁၂ မဂၢါဝပ္ ထြက္ရွိႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ယခုေခတ္မွာ လွ်ပ္စစ္ဓာတ္အားရရွိဖို႔ သဘာဝဓာတ္ေငြ႕၊ ေလာင္စာဆီ စတာေတြကို အသုံးျပဳထုတ္လုပ္တာ ေၾကာင့္ ကမာၻႀကီးပူေႏြးလာမႈနဲ႔ ရာသီဥတုေျပာင္းလဲမႈေတြ ျဖစ္ေပၚေနတဲ့အတြက္ မိမိတို႔အေနနဲ႔ Green Energy ျဖစ္တဲ့ စပါးခြံေလာင္စာသုံး လွ်ပ္စစ္ရရွိေအာင္ေဆာင္႐ြက္တာျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ေျပာင္းလဲမႈကို အကာအကြယ္အျဖစ္ ေဆာင္႐ြက္သြားႏိုင္မွာ ျဖစ္ပါတယ္။
စက္႐ုံအတြင္းမွာ ၁ မဂၢါဝပ္ gasifire ၁၂ လုံး တည္ေဆာက္ထားၿပီး လက္ရွိ စမ္းသပ္လည္ပတ္မႈအျဖစ္ ၅ လုံး လည္ပတ္ၿပီးျဖစ္သလို စက္အားလုံး လည္ပတ္ႏိုင္ပါက 12 MW ထုတ္ေပးႏိုင္မွာ ျဖစ္ေၾကာင္း၊ လက္ရွိမွာ အလုပ္သုံးစြဲမႈ အေနအထားအရ ၁ မဂၢါဝပ္ တစ္လုံးသာ လည္ပတ္ေနကာ ၁ မဂၢါဝပ္အတြက္ ၁ နာရီကို စပါးခြံ ၁ ဒသမ ၆ တန္ အသုံးျပဳေနရတယ္လို႔ သိရပါတယ္။
စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေ
========================
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua ကုမ္ပဏီက စိုက်ပျိုးရေးဘေးထွက် ပစ္စည်းဖြစ်တဲ့ စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေတယ်လို့ သိရပါတယ်။
စွန့်ပစ်ပစ္စည်းဖြစ်တဲ့ စပါးခွံကို ဝယ်ယူသုံးစွဲတာဖြစ်တဲ့အတွက် တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေပိုမိုရရှိစေပြီး စပါးခွံ ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေနဲ့ လျှပ်စစ်ဓာတ်အား ၁၂ မဂ္ဂါဝပ် ထွက်ရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ယခုခေတ်မှာ လျှပ်စစ်ဓာတ်အားရရှိဖို့ သဘာဝဓာတ်ငွေ့၊ လောင်စာဆီ စတာတွေကို အသုံးပြုထုတ်လုပ်တာ ကြောင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့အနေနဲ့ Green Energy ဖြစ်တဲ့ စပါးခွံလောင်စာသုံး လျှပ်စစ်ရရှိအောင်ဆောင်ရွက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို အကာအကွယ်အဖြစ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
စက်ရုံအတွင်းမှာ ၁ မဂ္ဂါဝပ် gasifire ၁၂ လုံး တည်ဆောက်ထားပြီး လက်ရှိ စမ်းသပ်လည်ပတ်မှုအဖြစ် ၅ လုံး လည်ပတ်ပြီးဖြစ်သလို စက်အားလုံး လည်ပတ်နိုင်ပါက 12 MW ထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လက်ရှိမှာ အလုပ်သုံးစွဲမှု အနေအထားအရ ၁ မဂ္ဂါဝပ် တစ်လုံးသာ လည်ပတ်နေကာ ၁ မဂ္ဂါဝပ်အတွက် ၁ နာရီကို စပါးခွံ ၁ ဒသမ ၆ တန် အသုံးပြုနေရတယ်လို့ သိရပါတယ်။