ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ ၂၉ ဦးေတြ႕ရွိ
ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ ၂၉ ဦးေတြ႕ရွိ
==============================
ကိုဗစ္-၁၉ ေရာဂါ ေစာင့္ၾကပ္ၾကည့္မႈႏွင့္ပတ္သက္၍ အပတ္စဥ္ သတင္းထုတ္ျပန္ျခင္း(၂၃-၆-၂၀၂၅) ရက္ေန႔၊ ည(၈:၀၀)နာရီ
က်န္းမာေရးဝန္ႀကီးဌာနသည္ ကိုဗစ္-၁၉ ေရာဂါ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိရာ (၁၅-၆-၂ဝ၂၅)ရက္ေန႔၊ ည (၈:၀၀)နာရီမွ (၂၂-၆-၂၀၂၅)ရက္ေန႔၊ ည (၈၀၀)နာရီအထိ ရက္သတၱပတ္အတြင္း ဓာတ္ခြဲနမူနာစုစုေပါင္း (၂၁၉၉)ခုအား စစ္ေဆးၿပီးစီးခဲ့ရာ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၂၉)ဦး ေတြ႕ရွိရပါသည္။
ထို႔ေၾကာင့္ ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၁.၃၂)ရာခိုင္ႏႈန္းျဖစ္ပါသည္။ အစီရင္ခံကာလအတြင္း ျပင္းထန္လူနာ၊ အထူးၾကပ္မတ္ ကုသမႈေပးရေသာလူနာႏွင့္ ကိုဗစ္-၁၉ ေရာဂါျဖင့္ ေသဆုံးလူနာ မရွိပါ။
လတ္တေလာတြင္ မိမိတို႔ႏိုင္ငံအတြင္း၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြား/ေသဆုံးမႈႏွင့္ စပ္လ်ဥ္း၍ စိုးရိမ္ဖြယ္ရာအေျခအေန မရွိေသာ္လည္း ေရာဂါျဖစ္ပြားမႈမွ ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ တစ္ကိုယ္ေရကာကြယ္ေရးနည္းလမ္းမ်ားကို လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ၿပီး ေရာဂါကူးစက္ခံရပါက ေရာဂါျပင္းထန္ႏိုင္ေျခႏွင့္ အသက္ ဆုံးရႈံးႏိုင္ေျချမင့္မားသည့္ အသက္အ႐ြယ္ႀကီးသူမ်ား(အသက္ ၆ဝ ႏွစ္ႏွင့္အထက္)၊ ဆီးခ်ိဳေရာဂါ၊ နာတာရွည္အဆုတ္ေရာဂါ၊ ကင္ဆာ ေရာဂါရွိသူမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား (ကိုယ္ဝန္ေဆာင္ကာလ ၃ လႏွင့္အထက္)ကို ဦးစားေပးအစီအစဥ္ျဖင့္ ကိုဗစ္ ၁၉ ေရာဂါ ထပ္ေဆာင္းကာကြယ္ေဆး ထိုးႏွံေပးသြားမည္ျဖစ္ပါ၍ ကာကြယ္ ေဆးထိုးႏွံမႈခံယူၾကရန္ လိုအပ္ပါသည္။
ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ အေသးစိတ္သတင္းအခ်က္အလက္ မ်ားကို က်န္းမာေရးဝန္ႀကီးဌာန၏ အင္တာနက္စာမ်က္ႏွာ www. moh.gov.mm တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။
(Myanmar CDC)
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉ ဦးတွေ့ရှိ
==============================
ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်မှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ခြင်း(၂၃-၆-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂ဝ၂၅)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၂-၆-၂၀၂၅)ရက်နေ့၊ ည (၈၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၉)ဦး တွေ့ရှိရပါသည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၃၂)ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာ မရှိပါ။
လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆ဝ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာ ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ် ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက် များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www. moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(Myanmar CDC)