အသံဖိုင္ကိစၥေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္ကိုႏုတ္ထြက္ရန္ဆႏၵျပေတာင္းဆို
အသံဖိုင္ကိစၥေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္ကိုႏုတ္ထြက္ရန္ဆႏၵျပေတာင္းဆို
========================
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္ႏွင့္ ဖုန္းေျပာဆိုခဲ့သည့္ အသံဖိုင္ ေပါက္ၾကားခဲ့ၿပီးေနာက္ ၾကာသပေတးေန႔နံနက္ပိုင္းတြင္ အစိုးရအိမ္ေတာ္အနီးသို႔ ဆႏၵျပသူမ်ား စတင္စုေဝးလာခဲ့ၾကၿပီး ဝန္ႀကီးခ်ဳပ္ ေပတုံတန္ ရွင္နာဝပ္ထရာ ကိုရာထူးမွႏုတ္ထြက္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။
ဆႏၵျပခ်ီတက္ပြဲကို ေက်ာင္းသားမ်ားကြန္ရက္ႏွင့္ ထိုင္းျပဳျပင္ေျပာင္းလဲေရး ျပည္သူမ်ားအဖြဲ႕တို႔က ဦးေဆာင္ခဲ့ၿပီး ၎တို႔သည္ ေပတုံတန္၏ ဖခင္ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ရွင္နာဝပ္ထရာ ေထာင္ဒဏ္က်ခံေနရစဥ္ အထူးကုသခြင့္ အခြင့္အေရးရရွိခဲ့မႈကို ေျဖရွင္းခ်က္ေပးရန္လည္း ေတာင္းဆိုခဲ့ၾကသည္။
ဆႏၵျပသူမ်ားသည္ နံနက္အေစာပိုင္းတြင္ပင္ အစိုးရအိမ္ေတာ္ေရွ႕ရွိ ဆႏၵျပစင္ျမင့္ တည္ေဆာက္ထားရာ ခ်မိုင္းမာယူခ်က္တံတားသို႔ ေရာက္ရွိလာခဲ့ၾကသည္။ ယင္းေနရာတြင္ ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးေရးကို ေတာင္းဆိုေသာ ေဟာေျပာမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။
အစိုးရအိမ္ေတာ္တစ္ဝိုက္တြင္ လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္ခ်ထားၿပီး ပတ္ပတ္လည္တြင္ ရဲကားမ်ားႏွင့္ အသံခ်ဲ႕စက္မ်ားခ်ထားသည္။ ထို႔အျပင္ ရဲစခန္းႏွစ္ခုမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ လူစုလူေဝး ထိန္းသိမ္း တားဆီးေရး ဌာနခြဲႏွင့္ နမ့္ဝမ္လုံၿခဳံေရးတပ္ဖြဲ႕တို႔ကိုလည္း စည္းကမ္းထိမ္းသိမ္းရန္အလို႔ငွာ ျဖန႔္က်က္ထားသည္။
အစိုးရအိမ္ေတာ္အတြင္းသို႔ ဆႏၵျပသူမ်ား မဝင္ေရာက္ႏိုင္ေစရန္ ရဲတပ္ဖြဲ႕ကို လူတံတိုင္း သုံးထပ္အကာအရံပုံစံျဖင့္ ေနရာခ်ထားသည္။
အဆိုပါဧရိယာရွိ ဖီဆန္ႏုေလာက္ လမ္းတေလွ်ာက္ ပရန္နာကြန္စီးပြားေရးလမ္းဆုံမွ ဆူအန္မီဆာကာဝမ္လမ္းဆုံအထိကို အေစာပိုင္းထဲကပင္ ယာဥ္သြားလာမႈ ပိတ္ပင္ထားေသာ္လည္း နံနက္ ၉ နာရီတြင္ ျပန္ဖြင့္ေပးခဲ့သည္။
ဆႏၵျပမႈသည္ လမ္းေပၚသို႔ ဆက္လက္တိုးခ်ဲ႕လာမည္ဆိုပါက ဖိဆန္ႏုေလာက္ လမ္းကို ႏွစ္ဖက္စလုံးမွ ထပ္မံပိတ္ပင္သြားမည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
Ref: ဘန္ေကာက္ပို႔စ္
အသံဖိုင်ကိစ္စကြောင့် ထိုင်းဝန်ကြီးချုပ်ကိုနုတ်ထွက်ရန်ဆန္ဒပြတောင်းဆို
========================
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် ကြာသပတေးနေ့နံနက်ပိုင်းတွင် အစိုးရအိမ်တော်အနီးသို့ ဆန္ဒပြသူများ စတင်စုဝေးလာခဲ့ကြပြီး ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ ကိုရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြချီတက်ပွဲကို ကျောင်းသားများကွန်ရက်နှင့် ထိုင်းပြုပြင်ပြောင်းလဲရေး ပြည်သူများအဖွဲ့တို့က ဦးဆောင်ခဲ့ပြီး ၎င်းတို့သည် ပေတုံတန်၏ ဖခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ထောင်ဒဏ်ကျခံနေရစဉ် အထူးကုသခွင့် အခွင့်အရေးရရှိခဲ့မှုကို ဖြေရှင်းချက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် နံနက်အစောပိုင်းတွင်ပင် အစိုးရအိမ်တော်ရှေ့ရှိ ဆန္ဒပြစင်မြင့် တည်ဆောက်ထားရာ ချမိုင်းမာယူချက်တံတားသို့ ရောက်ရှိလာခဲ့ကြသည်။ ယင်းနေရာတွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို တောင်းဆိုသော ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
အစိုးရအိမ်တော်တစ်ဝိုက်တွင် လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး ပတ်ပတ်လည်တွင် ရဲကားများနှင့် အသံချဲ့စက်များချထားသည်။ ထို့အပြင် ရဲစခန်းနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ၊ လူစုလူဝေး ထိန်းသိမ်း တားဆီးရေး ဌာနခွဲနှင့် နမ့်ဝမ်လုံခြုံရေးတပ်ဖွဲ့တို့ကိုလည်း စည်းကမ်းထိမ်းသိမ်းရန်အလို့ငှာ ဖြန့်ကျက်ထားသည်။
အစိုးရအိမ်တော်အတွင်းသို့ ဆန္ဒပြသူများ မဝင်ရောက်နိုင်စေရန် ရဲတပ်ဖွဲ့ကို လူတံတိုင်း သုံးထပ်အကာအရံပုံစံဖြင့် နေရာချထားသည်။
အဆိုပါဧရိယာရှိ ဖီဆန်နုလောက် လမ်းတလျှောက် ပရန်နာကွန်စီးပွားရေးလမ်းဆုံမှ ဆူအန်မီဆာကာဝမ်လမ်းဆုံအထိကို အစောပိုင်းထဲကပင် ယာဉ်သွားလာမှု ပိတ်ပင်ထားသော်လည်း နံနက် ၉ နာရီတွင် ပြန်ဖွင့်ပေးခဲ့သည်။
ဆန္ဒပြမှုသည် လမ်းပေါ်သို့ ဆက်လက်တိုးချဲ့လာမည်ဆိုပါက ဖိဆန်နုလောက် လမ်းကို နှစ်ဖက်စလုံးမှ ထပ်မံပိတ်ပင်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်