ဂါဇာမွာ ၂၄ နာရီအတြင္း အစၥေရးရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္း ၁၄၀ ေသဆုံး
ဂါဇာမွာ ၂၄ နာရီအတြင္း အစၥေရးရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္း ၁၄၀ ေသဆုံး
=======================
အစၥေရးနဲ႔ အီရန္တို႔ရဲ႕ ေလေၾကာင္းပစ္ခတ္မႈေတြကို အာ႐ုံစိုက္လာတာေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းအခ်ိဳ႕ဟာ အစၥေရးရဲ႕ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း အနည္းဆုံး လူေပါင္း ၁၄၀ ထက္မနည္းေသဆုံးခဲ့တယ္လို႔ ေဒသဆိုင္ရာက်န္းမာေရးတာဝန္ရွိသူေတြက ဇြန္ ၁၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ဂါဇာမွာ စစ္ပြဲေတြဟာ လြန္ခဲ့တဲ့လ ၂၀ ေက်ာ္က စတင္ခဲ့တာျဖစ္ၿပီး ရာနဲ႔ခ်ီတဲ့အကူအညီေတြကို ရွာေဖြရင္း ေသဆုံးခဲ့ရတယ္လို႔ ဂါဇာေဒသခံေတြက ေျပာပါတယ္။
ဗုဒၶဟူးေန႔က အစၥေရးရဲ႕ ပစ္ခတ္မႈနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူ ၄၀ ထက္မနည္းရွိခဲ့တယ္လို႔ ဂါဇာက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ပါလက္စတိုင္းေတြရဲ႕ပိုင္နက္ေတြကို အစၥေရးကပိတ္ဆို႔ထားရာက တစ္စိတ္တစ္ပိုင္း ႐ုပ္သိမ္းၿပီးေနာက္ ပါလက္စတိုင္းေတြဟာ သတ္ျဖတ္မႈေတြကို ေန႔စဥ္နဲ႔အမွ်ခံရေနရတယ္လို႔လည္း ဂါဇာေဒသခံေတြက ေျပာပါတယ္။
Maghazi ဒုကၡသည္စခန္း၊ Zeitoun ရပ္ကြက္ႏွင့္ ဂါဇာစီးတီးမွာရွိတဲ့ ေနအိမေတြကို ေလေၾကာင္းက တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံး လူ ၂၁ ဦး ေသဆုံးခဲ့ရၿပီး ဂါဇာေတာင္ပိုင္းက Khan Younis စခန္းကို ေလေၾကာင္းတိုက္ခိုက္မႈမွာ ၅ ဦး ထက္မနည္းေသဆုံးခဲ့ရတယ္လို႔ ေဆးပညာရွင္ေတြက ေျပာပါတယ္။
ဂါဇာအလယ္ပိုင္းကို ကုလသမဂၢကရဲ႕အကူအညီေတြသယ္ေဆာင္လာတဲ့ ထရပ္ကားေတြကို ေစာင့္ေမွ်ာ္ေနတဲ့ ပါလက္စတိုင္းလူအုပ္စုအတြင္းကို အစၥေရးကပစ္ခတ္ခဲ့တာေၾကာင့္ လူ ၁၄ ဦး ေသဆုံးခဲ့တယ္လို႔လည္း ေဆးဘက္ဆိုင္ရာေတြက ေျပာဆိုထားပါတယ္။
သူတို႔ပစ္ခတ္လိုက္တဲ့ အဆိုပါဧရိယာဟာ တိုက္ခိုက္ေရးဇုန္ျဖစ္တယ္ဆိုတာကို အႀကိမ္ႀကိမ္ သတိေပးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ လူေတြဟာ ဂါဇာကမ္းေျမာင္အလယ္ပိုင္းက Nuseirat န်ဴဆရတ္ ဧရိယာမွာ လႈပ္ရွားေနတဲ့ သူတို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြထံ ခ်ဥ္းကပ္ခဲ့တာေၾကာင့္ ခုလိုပစ္ခတ္ရတာလို႔ အစၥေရးက ေျပာပါတယ္။
အျခားေသာ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အရပ္သားထိခိုက္မႈ ေလ်ာ့ပါးေစဖို႔ ျဖစ္ႏိုင္ေခ်ရွိတဲ့ ႀကိဳတင္သတိေပးမႈေတြကို လုပ္ေဆာင္ေနခ်ိန္မွာ ဟားမတ္စ္ရဲ႕ စစ္ေရးစြမ္းရည္ေတြကို ဖ်က္သိမ္းဖို႔ လုပ္ေဆာင္ေနလို႔လည္း IDF က ေျပာၾကားထားပါတယ္။
ေမလေႏွာင္းပိုင္းမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ျပန္လည္စတင္ခ်ိန္ကစၿပီး ေထာက္ပံ့ေရးအကူအညီေတြ ျပန္လည္ရရွိဖို႔ ႀကိဳးစားေနတဲ့ ပါလက္စတိုင္း ၃၉၇ ဦး ေသဆုံးၿပီး ၃၀၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့တယ္လို႔ ဂါဇာကမ္းေျမာင္ေဒသရဲ႕က်န္းမာေရးဝန္ႀကီးဌာနက အဂၤါေန႔ကေျပာပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ လူေတြ ေန႔ေရာညပါ သတ္ျဖတ္ေနၾကေပမယ့္ စစ္ပြဲအရွိန္အဟုန္ျမင့္လာတဲ့ အီရန္-အစၥေရး စစ္ပြဲကို ကမာၻတစ္လႊားက အာ႐ုံေျပာင္းသြားၿပီ အခုရက္ပိုင္းအတြင္း ဂါဇာကမ္းေျမာင္နဲ႔ပတ္သက္တဲ့ သတင္းေတြ သိပ္မထြက္လာဘူး လို႔ ဂါဇာၿမိဳ႕ခံေတြက ေျပာပါတယ္။
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလက ဟားမတ္စ္ဦးေဆာင္တဲ့ စစ္ေသြးႂကြေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ ဂါဇာမွာ လူေပါင္း ၁၂၀၀ ေသဆုံးၿပီး ဓားစာခံ ၂၅၀ ခန႔္ကို ဖမ္းဆီးသြားခဲ့ၾကတယ္လို႔ အစၥေရး မဟာမိတ္ေတြက ေျပာၾကားပါတယ္။
အစၥေရးကလည္း စစ္ေရးအရျပန္လည္တိုက္ခိုက္ခဲ့တာေၾကာင့္ ပါလက္စတိုင္း ၅၅,၆၀၀ နီးပါး ေသဆုံးခဲ့ၿပီး ဂါဇာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အဆိုအရ အဲ့ဒီနယ္ေျမေတြမွာေနထိုင္သူအားလုံးနီးပါးကိုလည္း ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ျပင္းထန္တဲ့ ငတ္မြတ္ေခါင္းပါးမႈနဲ႔ အက်ပ္အတည္း ျဖစ္ေစခဲ့တယ္လို႔ ႐ိုက္တာသတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။
#PAN
ဂါဇာမှာ ၂၄ နာရီအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၄၀ သေဆုံး
=======================
အစ္စရေးနဲ့ အီရန်တို့ရဲ့ လေကြောင်းပစ်ခတ်မှုတွေကို အာရုံစိုက်လာတာကြောင့် ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအချို့ဟာ အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး လူပေါင်း ၁၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာကျန်းမာရေးတာဝန်ရှိသူတွေက ဇွန် ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာမှာ စစ်ပွဲတွေဟာ လွန်ခဲ့တဲ့လ ၂၀ ကျော်က စတင်ခဲ့တာဖြစ်ပြီး ရာနဲ့ချီတဲ့အကူအညီတွေကို ရှာဖွေရင်း သေဆုံးခဲ့ရတယ်လို့ ဂါဇာဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အစ္စရေးရဲ့ ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပါလက်စတိုင်းတွေရဲ့ပိုင်နက်တွေကို အစ္စရေးကပိတ်ဆို့ထားရာက တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းပြီးနောက် ပါလက်စတိုင်းတွေဟာ သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှခံရနေရတယ်လို့လည်း ဂါဇာဒေသခံတွေက ပြောပါတယ်။
Maghazi ဒုက္ခသည်စခန်း၊ Zeitoun ရပ်ကွက်နှင့် ဂါဇာစီးတီးမှာရှိတဲ့ နေအိမတွေကို လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရပြီး ဂါဇာတောင်ပိုင်းက Khan Younis စခန်းကို လေကြောင်းတိုက်ခိုက်မှုမှာ ၅ ဦး ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဂါဇာအလယ်ပိုင်းကို ကုလသမဂ္ဂကရဲ့အကူအညီတွေသယ်ဆောင်လာတဲ့ ထရပ်ကားတွေကို စောင့်မျှော်နေတဲ့ ပါလက်စတိုင်းလူအုပ်စုအတွင်းကို အစ္စရေးကပစ်ခတ်ခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့လည်း ဆေးဘက်ဆိုင်ရာတွေက ပြောဆိုထားပါတယ်။
သူတို့ပစ်ခတ်လိုက်တဲ့ အဆိုပါဧရိယာဟာ တိုက်ခိုက်ရေးဇုန်ဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ် သတိပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လူတွေဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းက Nuseirat နျူဆရတ် ဧရိယာမှာ လှုပ်ရှားနေတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေထံ ချဉ်းကပ်ခဲ့တာကြောင့် ခုလိုပစ်ခတ်ရတာလို့ အစ္စရေးက ပြောပါတယ်။
အခြားသော တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အရပ်သားထိခိုက်မှု လျော့ပါးစေဖို့ ဖြစ်နိုင်ချေရှိတဲ့ ကြိုတင်သတိပေးမှုတွေကို လုပ်ဆောင်နေချိန်မှာ ဟားမတ်စ်ရဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေလို့လည်း IDF က ပြောကြားထားပါတယ်။
မေလနှောင်းပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ချိန်ကစပြီး ထောက်ပံ့ရေးအကူအညီတွေ ပြန်လည်ရရှိဖို့ ကြိုးစားနေတဲ့ ပါလက်စတိုင်း ၃၉၇ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကမ်းမြောင်ဒေသရဲ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ကပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူတွေ နေ့ရောညပါ သတ်ဖြတ်နေကြပေမယ့် စစ်ပွဲအရှိန်အဟုန်မြင့်လာတဲ့ အီရန်-အစ္စရေး စစ်ပွဲကို ကမ္ဘာတစ်လွှားက အာရုံပြောင်းသွားပြီ အခုရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်နဲ့ပတ်သက်တဲ့ သတင်းတွေ သိပ်မထွက်လာဘူး လို့ ဂါဇာမြို့ခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဟားမတ်စ်ဦးဆောင်တဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ အစ္စရေး မဟာမိတ်တွေက ပြောကြားပါတယ်။
အစ္စရေးကလည်း စစ်ရေးအရပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်း ၅၅,၆၀၀ နီးပါး သေဆုံးခဲ့ပြီး ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အဲ့ဒီနယ်မြေတွေမှာနေထိုင်သူအားလုံးနီးပါးကိုလည်း ရွှေ့ပြောင်းခဲ့ရပြီး ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#PAN