WhatsApp ဖ်က္ပစ္ရန္ လူထုကို အီရန္အစိုးရတိုက္တြန္း

WhatsApp ဖ်က္ပစ္ရန္ လူထုကို အီရန္အစိုးရတိုက္တြန္း
===================
အီရန္လူထုအေနျဖင့္ ၎တို႔၏စမတ္ဖုန္းမ်ားေပၚတြင္ WhatsApp အက္ပလီေကးရွင္းကို ဖယ္ရွားပစ္ရန္ အီရန္ႏိုင္ငံပိုင္႐ုပ္သံက ဇြန္ ၁၇ ရက္ေန႔လည္ပိုင္းတြင္ တိုက္တြန္းေၾကညာလိုက္သည္။

WhatsApp က အသုံးျပဳသူမ်ား၏ ေဒတာအခ်က္အလက္မ်ားကိုစုေဆာင္းၿပီး အစၥေရးကိုေပးေနသည္ဟုလည္း ႐ုပ္သံေၾကညာခ်က္ထဲ အေထာက္အထားမဲ့ ထည့္ေျပာသြားသည္။

ယင္းေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး WhatsApp ဘက္က “WhatsApp ကို ျပည္သူေတြအလိုအပ္ဆုံး ျဖစ္ေနခ်ိန္မွာ ဒီလိုသတင္းမွားေတြက WhatsApp အပိတ္ခံရဖို႔ အေၾကာင္းျပခ်က္ျဖစ္လာမွာ စိုးရိမ္တယ္။ အသုံးျပဳသူရဲ႕တည္ေနရာကိုျဖစ္ေစ ၊ တစ္ဖက္နဲ႔တစ္ဖက္ ေပးပို႔ေနတဲ့ ကိုယ္ေရးကိုယ္တာမက္ေဆ့ေတြကိုျဖစ္ေစ ေျခရာခံတာမ်ိဳးမရွိပါဘူး။ ဘယ္အစိုးရကိုမွလည္း အခ်က္အလက္ေတြ ေပးမေနပါဘူး” ဟုထုတ္ျပန္ထားသည္။

WhatsApp သည္ Facebook ႏွင့္ အင္စတာဂရမ္တို႔၏ မိခင္ကုမၸဏီ Meta Platforms မွ တီထြင္ထားျခင္းျဖစ္ၿပီး စာေပးပို႔သူႏွင့္လက္ခံသူသာ ျမင္ႏိုင္ေတြ႕ႏိုင္သည့္ end-to-end encryption စနစ္ကို အသုံးျပဳထားသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အီရန္တြင္ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားစြာ အသုံးျပဳ၍မရေအာင္ အစိုးရကပိတ္ထားခဲ့ေသာ္လည္း ျပည္သူအမ်ားစုက VPN မ်ားျဖင့္ ဆက္လက္သုံးခဲ့သည္။ ၂၀၂၂ ခုႏွစ္က အစိုးရဆန႔္က်င္ဆႏၵျပပြဲမ်ား ျဖစ္လာစဥ္ကလည္း WhatsApp ႏွင့္ Google Play တို႔ကိုပိတ္ခဲ့သည္။ၿပီးခဲ့သည့္ႏွစ္ေႏွာင္းပိုင္းကမွ ျပန္ဖြင့္ေပးခဲ့သည္။

အီရန္တြင္ လူသုံးအမ်ားဆုံး အက္ပလီေကးရွင္းမ်ားထဲ အင္စတာဂရမ္ႏွင့္ တယ္လီဂရမ္တို႔အျပင္ WhatsApp လည္းပါသည္။


WhatsApp ဖျက်ပစ်ရန် လူထုကို အီရန်အစိုးရတိုက်တွန်း
===================
အီရန်လူထုအနေဖြင့် ၎င်းတို့၏စမတ်ဖုန်းများပေါ်တွင် WhatsApp အက်ပလီကေးရှင်းကို ဖယ်ရှားပစ်ရန် အီရန်နိုင်ငံပိုင်ရုပ်သံက ဇွန် ၁၇ ရက်နေ့လည်ပိုင်းတွင် တိုက်တွန်းကြေညာလိုက်သည်။

WhatsApp က အသုံးပြုသူများ၏ ဒေတာအချက်အလက်များကိုစုဆောင်းပြီး အစ္စရေးကိုပေးနေသည်ဟုလည်း ရုပ်သံကြေညာချက်ထဲ အထောက်အထားမဲ့ ထည့်ပြောသွားသည်။

ယင်းကြေညာချက်နှင့်ပတ်သက်ပြီး WhatsApp ဘက်က “WhatsApp ကို ပြည်သူတွေအလိုအပ်ဆုံး ဖြစ်နေချိန်မှာ ဒီလိုသတင်းမှားတွေက WhatsApp အပိတ်ခံရဖို့ အကြောင်းပြချက်ဖြစ်လာမှာ စိုးရိမ်တယ်။ အသုံးပြုသူရဲ့တည်နေရာကိုဖြစ်စေ ၊ တစ်ဖက်နဲ့တစ်ဖက် ပေးပို့နေတဲ့ ကိုယ်ရေးကိုယ်တာမက်ဆေ့တွေကိုဖြစ်စေ ခြေရာခံတာမျိုးမရှိပါဘူး။ ဘယ်အစိုးရကိုမှလည်း အချက်အလက်တွေ ပေးမနေပါဘူး” ဟုထုတ်ပြန်ထားသည်။

WhatsApp သည် Facebook နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီ Meta Platforms မှ တီထွင်ထားခြင်းဖြစ်ပြီး စာပေးပို့သူနှင့်လက်ခံသူသာ မြင်နိုင်တွေ့နိုင်သည့် end-to-end encryption စနစ်ကို အသုံးပြုထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အီရန်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများစွာ အသုံးပြု၍မရအောင် အစိုးရကပိတ်ထားခဲ့သော်လည်း ပြည်သူအများစုက VPN များဖြင့် ဆက်လက်သုံးခဲ့သည်။ ၂၀၂၂ ခုနှစ်က အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်လာစဉ်ကလည်း WhatsApp နှင့် Google Play တို့ကိုပိတ်ခဲ့သည်။ပြီးခဲ့သည့်နှစ်နှောင်းပိုင်းကမှ ပြန်ဖွင့်ပေးခဲ့သည်။

အီရန်တွင် လူသုံးအများဆုံး အက်ပလီကေးရှင်းများထဲ အင်စတာဂရမ်နှင့် တယ်လီဂရမ်တို့အပြင် WhatsApp လည်းပါသည်။