
==========================
မန္တလေး ဇွန် ၁၇





ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ G-12 စာမေးပွဲဖြေဆိုသည့် ကျောင်း သား/သူများကို အားပေးစကား ပြောကြားပြီး ရေသန့်ဗူးများလှူဒါန်း
==========================
မန္တလေး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း
စာဖြေဌာနများ၌ G-12 စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်၊ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊အတွင်းရေးမှုး ဦးဝင်းလှိုင်ငြိမ်းနှင့်ကော်မတီဝင်များ၊ချမ်းအေးသာစံ၊မဟာအောင် မြေ၊ပြည်ကြီးတံခွန်မြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊လူငယ်၊အမျိုးသမီးပါတီ ဝင်များ သည် ချမ်းအေးသာစံမြို့ နယ်၊အောင်နန်းရိပ်သာအရှေ့ရပ် ကွက်ရှိ အထက (၁၄)စာဖြေဌာနသို့ သွားရောက်ကာ ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။

၎င်းနောက်(၁၂:၀၀)အချိန်တွင် G-12 စာမေးပွဲဖြေဆိုပြီးလာသည့် ကျောင်းသား/သူများကို အားပေးစကားများပြောကြားခဲ့ပြီး ရေသန့်ဗူးများ လှူဒါန်းခဲ့ပါသည်။

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အထက(၁၄)စာဖြေဌာနတွင် G-12 စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူ ၅၀၀ကျော်နှင့်စာဖြေဌာနတာဝန်ကျ ဆရာ/ဆရာမများ၊လုံခြုံရေးတာဝန်ကျသူများအတွက် ရေသန့်ဗူး (၆၅၀)ဗူး လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။