အေမရိကန္၏ ေဝဟင္ဆီျဖည့္ေလယာဥ္အစင္း ၃၀ ေက်ာ္ အေရွ႕အလယ္ပိုင္းသို႔ေရာက္ရွိလာ
အေမရိကန္၏ ေဝဟင္ဆီျဖည့္ေလယာဥ္အစင္း ၃၀ ေက်ာ္ အေရွ႕အလယ္ပိုင္းသို႔ေရာက္ရွိလာ
===================================
အေမရိကန္ႏိုင္ငံမွ ေဝဟင္ဆီျဖည့္ေလယာဥ္အစင္း ၃၀ ေက်ာ္သည္ အတၱလႏၲိတ္သမုဒၵရာကို ေက်ာ္ျဖတ္ ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသသို႔ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း Military Watch မဂၢဇင္းက ဇြန္လ ၁၆ ရက္တြင္ ေဖာ္ျပထားသည္။
အေမရိကန္က ယခုကဲ့သို႔ ေဝဟင္ဆီျဖည့္ေလယာဥ္ အစင္းေရအမ်ားအျပားကို ေစလႊတ္ျခင္းသည္ ထူးျခားသည့္လုပ္ရပ္တစ္ခု ျဖစ္ေၾကာင္း၊ အဆိုပါလုပ္ရပ္ေၾကာင့္ လက္ရွိျဖစ္ပြားေနေသာ အစၥေရး-အီရန္ စစ္ပြဲတြင္ အေမရိကန္၏ နက္ရႈိင္းစြာပါဝင္မႈရွိလာႏိုင္သည္ကို ေဖာ္ျပေနေၾကာင္း ထိုမဂၢဇင္းက သုံးသပ္ေဖာ္ျပထားသည္။
အစၥေရး-အီရန္ပဋိပကၡအတြင္း အေမရိကန္ႏိုင္ငံ၏အက်ိဳးစီးပြားမ်ားကို ထိခိုက္လာပါက ထိုပဋိပကၡတြင္ အေမရိကန္ က တိုက္႐ိုက္ပါဝင္လာႏိုင္ေၾကာင္း သမၼတေဒၚနယ္ထရမ့္က သတိေပးထားသည္။
ေလေၾကာင္းပ်ံသန္းမႈေစာင့္ၾကည့္ေရး ဆိုင္ရာအခ်က္အလက္မ်ားအရ အေမရိကန္မွ C-135 ႏွင့္ KC-46 ေဝဟင္ဆီျဖည့္ေလယာဥ္မ်ားသည္ အေရွ႕အလယ္ပိုင္းသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ ထိုေလယာဥ္မ်ားသည္ အစၥေရးေလတပ္ကို ကူညီရန္ သို႔မဟုတ္ ထိုပဋိပကၡတြင္အေမရိကန္ ပါဝင္လာပါက ၎တို႔၏တိုက္ေလယာဥ္မ်ား ႏွင့္ ဗုံးႀကဲေလယာဥ္မ်ားအတြက္ အကူအညီရေစရန္ ျဖစ္ေၾကာင္း အဆိုပါမဂၢဇင္းက ခန႔္မွန္းထားသည္။
တစ္ခ်ိန္တည္းမွာပင္ လက္ရွိျဖစ္ပြားေနေသာ အစၥေရး-အီရန္ပဋိပကၡ၌ အေမရိကန္က ေထာက္လွမ္းေရး သတင္းမ်ား၊ ၿဂိဳဟ္တုမွပစ္မွတ္ရွာေဖြမႈ အခ်က္အလက္မ်ားႏွင့္ ဒုံးက်ည္ကာကြယ္ေရး စနစ္မ်ားကို ေထာက္ပံ့ေပးေနစဥ္ အေနာက္ ႏိုင္ငံအခ်ိဳ႕မွ ဆီျဖည့္ေလယာဥ္မ်ားက အစၥေရးကို ကူညီေပးေနေၾကာင္း သိရသည္ဟု RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
အမေရိကန်၏ ဝေဟင်ဆီဖြည့်လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိလာ
===================================
အမေရိကန်နိုင်ငံမှ ဝေဟင်ဆီဖြည့်လေယာဉ်အစင်း ၃၀ ကျော်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ် ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Military Watch မဂ္ဂဇင်းက ဇွန်လ ၁၆ ရက်တွင် ဖော်ပြထားသည်။
အမေရိကန်က ယခုကဲ့သို့ ဝေဟင်ဆီဖြည့်လေယာဉ် အစင်းရေအများအပြားကို စေလွှတ်ခြင်းသည် ထူးခြားသည့်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်ကြောင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်၏ နက်ရှိုင်းစွာပါဝင်မှုရှိလာနိုင်သည်ကို ဖော်ပြနေကြောင်း ထိုမဂ္ဂဇင်းက သုံးသပ်ဖော်ပြထားသည်။
အစ္စရေး-အီရန်ပဋိပက္ခအတွင်း အမေရိကန်နိုင်ငံ၏အကျိုးစီးပွားများကို ထိခိုက်လာပါက ထိုပဋိပက္ခတွင် အမေရိကန် က တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က သတိပေးထားသည်။
လေကြောင်းပျံသန်းမှုစောင့်ကြည့်ရေး ဆိုင်ရာအချက်အလက်များအရ အမေရိကန်မှ C-135 နှင့် KC-46 ဝေဟင်ဆီဖြည့်လေယာဉ်များသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုလေယာဉ်များသည် အစ္စရေးလေတပ်ကို ကူညီရန် သို့မဟုတ် ထိုပဋိပက္ခတွင်အမေရိကန် ပါဝင်လာပါက ၎င်းတို့၏တိုက်လေယာဉ်များ နှင့် ဗုံးကြဲလေယာဉ်များအတွက် အကူအညီရစေရန် ဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်းက ခန့်မှန်းထားသည်။
တစ်ချိန်တည်းမှာပင် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန်ပဋိပက္ခ၌ အမေရိကန်က ထောက်လှမ်းရေး သတင်းများ၊ ဂြိုဟ်တုမှပစ်မှတ်ရှာဖွေမှု အချက်အလက်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထောက်ပံ့ပေးနေစဉ် အနောက် နိုင်ငံအချို့မှ ဆီဖြည့်လေယာဉ်များက အစ္စရေးကို ကူညီပေးနေကြောင်း သိရသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။