အီတလီလက္ေ႐ြးစင္အသင္းနည္းျပသစ္အျဖစ္ ဂတ္တူဆို ခန႔္အပ္

အီတလီလက္ေ႐ြးစင္အသင္းနည္းျပသစ္အျဖစ္ ဂတ္တူဆို ခန႔္အပ္
===================================================
အီတလီလက္ေ႐ြးစင္အသင္းနည္းျပသစ္အျဖစ္ ဂတ္တူဆိုကို ခန႔္အပ္လိုက္တယ္လို႔ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဂရာဗီနာက အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။ ဂတ္တူဆိုရဲ႕အီတလီနည္းျပမိတ္ဆက္ပြဲအခမ္းအနားကို ဇြန္လ(၁၉)ရက္၊ ၾကာသပေတးေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဂရာဗီနာက “ဂတ္တူဆိုဟာ အီတလီေဘာလုံးေလာကရဲ႕သေကၤတတစ္ခုျဖစ္ပါတယ္။ အီတလီဂ်ာစီက သူ႔အတြက္ ဒုတိယအေရျပားျဖစ္ေနပါတယ္။ သူ႔ရဲ႕လႈံ႕ေဆာင္မႈ၊ ပေရာက္ဖက္ရွင္နယ္ဆန္မႈနဲ႔ အေတြ႕အႀကဳံေတြက အီတလီအသင္းရဲ႕လာမယ့္စိန္ေခၚမႈေတြရင္ဆိုင္ဖို႔ အေျခခံအခ်က္ေတြျဖစ္လာမွာပါ။ ဒီစိန္ေခၚမႈကို လက္ခံဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဂတ္တူဆိုကိုလည္း ေက်းဇူးတင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂတ္တူဆိုဟာ ကစားသမားအျဖစ္နဲ႔ ၂၀၀၆ ကမာၻ႔ဖလားဆြတ္ခူးခဲ့သူျဖစ္ၿပီး အီတလီအသင္းအတြက္ (၇၃)ပြဲကစားခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ၂၀၀၀ ျပည့္ႏွစ္က ယူ႐ို ယူ-၂၁ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တဲ့အီတလီလူငယ္အသင္းမွာလည္း ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဂတ္တူဆိုဟာ ေအစီမီလန္၊ နာပိုလီ၊ ဗလင္စီယာ၊ မာေဆးနဲ႔ ဟာဒက္စပလစ္အသင္းေတြမွာ နည္းျပလုပ္ခဲ့ဖူးပါတယ္။


အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ဂတ်တူဆို ခန့်အပ်
===================================================
အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ဂတ်တူဆိုကို ခန့်အပ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဂတ်တူဆိုရဲ့အီတလီနည်းပြမိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ(၁၉)ရက်၊ ကြာသပတေးနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက “ဂတ်တူဆိုဟာ အီတလီဘောလုံးလောကရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ အီတလီဂျာစီက သူ့အတွက် ဒုတိယအရေပြားဖြစ်နေပါတယ်။ သူ့ရဲ့လှုံ့ဆောင်မှု၊ ပရောက်ဖက်ရှင်နယ်ဆန်မှုနဲ့ အတွေ့အကြုံတွေက အီတလီအသင်းရဲ့လာမယ့်စိန်ခေါ်မှုတွေရင်ဆိုင်ဖို့ အခြေခံအချက်တွေဖြစ်လာမှာပါ။ ဒီစိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂတ်တူဆိုကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂတ်တူဆိုဟာ ကစားသမားအဖြစ်နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူဖြစ်ပြီး အီတလီအသင်းအတွက် (၇၃)ပွဲကစားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၀၀ ပြည့်နှစ်က ယူရို ယူ-၂၁ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အီတလီလူငယ်အသင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဂတ်တူဆိုဟာ အေစီမီလန်၊ နာပိုလီ၊ ဗလင်စီယာ၊ မာဆေးနဲ့ ဟာဒက်စပလစ်အသင်းတွေမှာ နည်းပြလုပ်ခဲ့ဖူးပါတယ်။