ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ (၅၂) ဦးေတြ႕ရွိ
ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ (၅၂) ဦးေတြ႕ရွိ
===========================
ျမန္မာႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳလူနာသစ္(၅၂)ဦးကိုထပ္မံစစ္ေဆးေတြ႕ရွိခဲ့သည္ဟု ယေန႔ ဇြန္ ၁၆ ရက္ညပိုင္းက က်န္းမာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာန (Myanmar CDC)က အသိေပးခဲ့သည္။
က်န္းမာေရးဝန္ႀကီးဌာနမွ ဇြန္ ၈ ရက္ည ၈ နာရီမွ ဇြန္ ၁၅ ရက္ည ၈ နာရီအထိ ဓာတ္ခြဲနမူနာ(၂,၂၈၅) ခုကိုစစ္ေဆးခဲ့ရာမွ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳလူနာသစ္(၅၂)ဦးကို ထပ္မံစစ္ေဆးေတြ႕ရွိခဲ့ရျခင္းျဖစ္ကာ လက္ရွိအခ်ိန္၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ျပင္းထန္လူနာ၊ အထူးၾကပ္မတ္ကုသမႈေပးေနရသည့္လူနာႏွင့္ ေသဆုံးသူမရွိဟုလည္း အသိေပးခဲ့သည္။
ထို႔ျပင္ လတ္တေလာအခ်ိန္၌ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္ျဖစ္ပြားေ-သဆုံးမႈႏွင့္ပတ္သက္၍ စိုးရိမ္ဖြယ္ရာအေျခအေနမရွိေသာ္လည္း ေရာဂါျဖစ္ပြားမႈမွႀကိဳတင္ကာကြယ္ႏိုင္ရန္ တစ္ကိုယ္ရည္ကာကြယ္ေရးနည္းလမ္းမ်ားကို လိုက္နာေဆာင္႐ြက္ရန္လိုအပ္သည္ဟု အသိေပးခဲ့သည္။
ထို႔အတူ ေရာဂါကူးစက္ခံရပါက ေရာဂါျပင္းထန္ႏိုင္ေျခႏွင့္ အသက္ဆုံးရႈံးႏိုင္ေျခ ျမင့္မားေသာ အသက္အ႐ြယ္ႀကီးသူမ်ား၊ အသက္(၆၀)ႏွစ္ႏွင့္အထက္ ဆီးခ်ိဳေရာဂါ၊ နာတာရွည္အဆုတ္ေရာဂါ၊ ကင္ဆာေရာဂါရွိသူမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ ကိုယ္ဝန္ေဆာင္ကာလ(၃)လႏွင့္ အထက္တို႔အား ဦးစားေပးအစီအစဥ္အျဖစ္ ကိုဗစ္-၁၉ ေရာဂါထပ္ေဆာင္းကာကြယ္ေဆးထိုးႏွံေပးသြားမည္ျဖစ္၍ ကာကြယ္ေဆးထိုးႏွံၾကရန္လည္း အသိေပးခဲ့သည္။
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၅၂) ဦးတွေ့ရှိ
===========================
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ယနေ့ ဇွန် ၁၆ ရက်ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကာ လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးနေရသည့်လူနာနှင့် သေဆုံးသူမရှိဟုလည်း အသိပေးခဲ့သည်။
ထို့ပြင် လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။
ထို့အတူ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားသော အသက်အရွယ်ကြီးသူများ၊ အသက်(၆၀)နှစ်နှင့်အထက် ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ကာလ(၃)လနှင့် အထက်တို့အား ဦးစားပေးအစီအစဥ်အဖြစ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးထိုးနှံကြရန်လည်း အသိပေးခဲ့သည်။