အိႏၵိယမွာ ရဟတ္ယာဥ္ပ်က္က်
အိႏၵိယမွာ ရဟတ္ယာဥ္ပ်က္က်
===================
အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျ
===================
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်တွင် တနင်္ဂနွေနေ့က လူခြောက်ဦး လိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သည်ဟု အေအင်န်အိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။
ရဟတ်ယာဉ်သည် ပြည်နယ်၏ Gaurikund ဧရိယာတွင် ပျောက်ဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အေအင်န်အိုင်က ဖော်ပြခဲ့သည်။
ပြည်နယ် သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲနှင့် အခြား ကယ်ဆယ်ရေးအသင်းအဖွဲများသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည်ဟု ဥတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် ပူရှ်ကာဆင်းဒါမီက X ပေါ် ပိုစ်တင် ပြောဆိုခဲ့သည်။
ရာသီဥတု ဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်သည် လမ်းပျောက်သွားခဲ့သည်ဟု တာဝန်ရှိသူများကို ကိုးကား၍ အိန္ဒိယတူဒေးသတင်းဌာနက ဖော်ပြခဲ့သည်။