ကြင္းလယ္လူ ေပါ့ဘာ မိုနာကို အသင္းဆီ ၂ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕မည္

ကြင္းလယ္လူ ေပါ့ဘာ မိုနာကို အသင္းဆီ ၂ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕မည္
=========================
မိုနာကိုအသင္းက ကလပ္အသင္းလက္မဲ့ျဖစ္ေန သည့္ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာကို ႏွစ္ႏွစ္ စာခ်ဳပ္ျဖင့္ေခၚယူႏိုင္ရန္ သေဘာတူညီမႈ ရရွိထားေၾကာင္း သိရသည္။

‌ေပါ့ဂ္ဘာသည္ ၂၀၂၂ ခုႏွစ္က မန္ယူအသင္းမွ ဂ်ဴဗင္တပ္စ္အသင္းသို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕ကစားခဲ့သူျဖစ္ၿပီး အသင္းတြင္ ပထမေဘာလုံးရာသီက ဒဏ္ရာေၾကာင့္ ပြဲစဥ္အနည္းငယ္ သာ ပါဝင္ ကစားႏိုင္ သကဲ့သို႔ ၂၀၂၄ ခုႏွစ္ကလည္း ဒုတိယေဘာလုံးရာသီတြင္ တားျမစ္ေဆးသုံးစြဲသည့္ ျပစ္ဒဏ္ေၾကာင့္ ေလးႏွစ္ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရ ၿပီးေနာက္ ေဘာလုံးေလာကႏွင့္ ကာလအတန္ၾကာ ေဝးကြာေနခဲ့သူ ျဖစ္သည္။

ေပါ့ဂ္ဘာအေနျဖင့္ ကာလရွည္ပြဲပယ္ျပစ္ဒဏ္အတြက္ အယူခံဝင္ခဲ့ရာ ေအာင္ျမင္ခဲ့သည့္အတြက္ ေလးႏွစ္ပြဲပယ္ျပစ္ဒဏ္အစား ၁၈ လ ပြဲပယ္ျပစ္ဒဏ္ အျဖစ္ေျပာင္းလဲၿပီးေနာက္ ၿပီးခဲ့သည့္ မတ္လကုန္က ျပစ္ဒဏ္မွ လြတ္ေျမာက္ ခဲ့ျခင္းျဖစ္သည္။

ေပါ့ဂ္ဘာသည္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံရခ်ိန္တြင္ ဂ်ဴဗင္တပ္စ္အသင္းႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ ကလပ္ အသင္းလက္မဲ့ျဖစ္ေနကာ အေစာပိုင္းက အင္တာမိုင္ယာမီအသင္း၊ မာေဆးလ္အသင္းတို႔ႏွင့္ သတင္းမ်ား ထြက္ေပၚ ခဲ့ေသာ္လည္း အေျပာင္းအေ႐ႊ႕မျဖစ္ ေျမာက္ခဲ့ျခင္းျဖစ္သည္။

‌ေပါ့ဂ္ဘာသည္ ကာလအတန္ၾကာအနားယူေနခဲ့ရာမွ လာမည့္ေဘာလုံးရာသီတြင္ မိုနာကိုအသင္းႏွင့္ အတူ ေဘာလုံးေလာကသို႔ ျပန္လည္ဝင္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။


ကွင်းလယ်လူ ပေါ့ဘာ မိုနာကို အသင်းဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မည်
=========================
မိုနာကိုအသင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေ သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို နှစ်နှစ် စာချုပ်ဖြင့်ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

‌ပေါ့ဂ်ဘာသည် ၂၀၂၂ ခုနှစ်က မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် ပထမဘောလုံးရာသီက ဒဏ်ရာကြောင့် ပွဲစဉ်အနည်းငယ် သာ ပါဝင် ကစားနိုင် သကဲ့သို့ ၂၀၂၄ ခုနှစ်ကလည်း ဒုတိယဘောလုံးရာသီတွင် တားမြစ်ဆေးသုံးစွဲသည့် ပြစ်ဒဏ်ကြောင့် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရ ပြီးနောက် ဘောလုံးလောကနှင့် ကာလအတန်ကြာ ဝေးကွာနေခဲ့သူ ဖြစ်သည်။

ပေါ့ဂ်ဘာအနေဖြင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ရာ အောင်မြင်ခဲ့သည့်အတွက် လေးနှစ်ပွဲပယ်ပြစ်ဒဏ်အစား ၁၈ လ ပွဲပယ်ပြစ်ဒဏ် အဖြစ်ပြောင်းလဲပြီးနောက် ပြီးခဲ့သည့် မတ်လကုန်က ပြစ်ဒဏ်မှ လွတ်မြောက် ခဲ့ခြင်းဖြစ်သည်။

ပေါ့ဂ်ဘာသည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရချိန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ဖြစ်နေကာ အစောပိုင်းက အင်တာမိုင်ယာမီအသင်း၊ မာဆေးလ်အသင်းတို့နှင့် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ် မြောက်ခဲ့ခြင်းဖြစ်သည်။

‌ပေါ့ဂ်ဘာသည် ကာလအတန်ကြာအနားယူနေခဲ့ရာမှ လာမည့်ဘောလုံးရာသီတွင် မိုနာကိုအသင်းနှင့် အတူ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။