=====================
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူ အသင်းနှင့် လာရောက်ပူးပေါင်း
=====================
အာရှဖလား ခြေစစ်ပွဲကစားရန် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး မေထက်လူသည် မနေ့ ကဇွန်လ (၁၂) ရက်တွင် အသင်းနှင့် ပူးပေါင်းကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
သူမသည် ယမန်နေ့ဇွန် (၁၁) ရက် ညနေ ပိုင်းက ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယခင်က ဇွန် (၈)ရက်၌ အသင်းနှင့်လာရောက်ပူးပေါင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သေးပါတယ်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှဖလားခြေစစ်ပွဲအဖြစ် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့မင်နစ္စတန် အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။
အာရှဖလား ခြေစစ်ပွဲကစားအား ယခုလ ဇွန် (၂၉)ရက်မှ ဇူ လိုင်လ (၅) ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ကြောင်း သိရပါတယ်။