အိႏၵိယ ေလယာဥ္ပ်က္က်မႈ ျဖစ္စဥ္တြင္ ၿဗိတိန္ ႏိုင္ငံသား တစ္ဦးတည္းသာ ထူးဆန္းစြာနဲ႔ အသက္ရွင္
အိႏၵိယ ေလယာဥ္ပ်က္က်မႈ ျဖစ္စဥ္တြင္ ၿဗိတိန္ ႏိုင္ငံသား တစ္ဦးတည္းသာ ထူးဆန္းစြာနဲ႔ အသက္ရွင္
======================
ဇြန္ ၁၂ ရက္က အာဘတ္ဒါဘတ္ၿမိဳ႕မွ လန္ဒန္သို႔ဦးတည္ပ်ံသန္းမည့္ Air India ေလေၾကာင္းလိုင္းပိုင္ ဘိုးအင္းေလယာဥ္ ပ်က္က်မႈတြင္ အေလာင္း ၂၀၀ ေက်ာ္ ရရွိထားသည္ဟု အာမတ္ဒါဘတ္ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။
ANI သတင္းဌာနကို အာမတ္ဒါဘတ္ရဲခ်ဳပ္ GS Malik ေျပာၾကားခ်က္အရ အသက္ရွင္သူတစ္ဦးရွိၿပီး ၿဗိတိန္ႏိုင္ငံသား ဗစ္ရွ္ဝက္ကူမာ ရာမိရွ္ဆိုသူျဖစ္သည္။
ေဆး႐ုံတြင္ကုသမႈခံယူေနသည့္ ဗစ္ရွ္ဝက္ကူမာ က “ေလယာဥ္ထြက္ၿပီး စကၠန႔္ ၃၀ အၾကာမွာ အသံအက်ယ္ႀကီးၾကားလိုက္ရတယ္။ၿပီးေတာ့ ေလယာဥ္ပ်က္က်သြားတယ္။ျဖစ္သြားတာ အရမ္းျမန္တယ္ ” ဟု မီဒီယာကိုေျပာသည္။
လူေနရပ္ကြက္အတြင္း ပ်က္က်သြားသည့္ အဆိုပါေလယာဥ္ေပၚတြင္ ခရီးသည္ႏွင့္ေလယာဥ္အမႈထမ္း အားလုံးေပါင္း ၂၄၂ လိုက္ပါသြားကာ အာဘတ္ဒါဘတ္ေလဆိပ္မွ ေန႔လည္ ၁ နာရီ ၃၉ မိနစ္တြင္ ပ်ံတက္ၿပီးမၾကာမီ ပ်က္က်ခဲ့ျခင္းျဖစ္သည္။
ေသဆုံးသူမ်ားထဲ အသက္ ၆၈ ႏွစ္အ႐ြယ္ရွိ ဂူဂ်ာရတ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဗီေဂ်႐ူပါနီလည္း ပါဝင္သည္။မစၥတာ႐ူပါနီသည္ ဂူဂ်ာရတ္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၁၆ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ တာဝန္ယူခဲ့သည္။
Air India ေလေၾကာင္းလိုင္းက Tata Group အပိုင္ျဖစ္ၿပီး ေသဆုံးသူတစ္ဦးစီအတြက္ ႐ူပီးတစ္ကုေဋေပးမည္ဟု ေၾကညာထားသည္။ေလယာဥ္ပ်က္က်မႈကို ကူညီစစ္ေဆးေဖာ္ထုတ္ေပးရန္ အေမရိကန္ႏွင့္ ၿဗိတိန္စုံစမ္းစစ္ေဆးေရးအဖြဲ႕တို႔ အိႏၵိယကို ေစလႊတ္ထားသည္။
အိန္ဒိယ လေယာဥ်ပျက်ကျမှု ဖြစ်စဥ်တွင် ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ ထူးဆန်းစွာနဲ့ အသက်ရှင်
======================
ဇွန် ၁၂ ရက်က အာဘတ်ဒါဘတ်မြို့မှ လန်ဒန်သို့ဦးတည်ပျံသန်းမည့် Air India လေကြောင်းလိုင်းပိုင် ဘိုးအင်းလေယာဉ် ပျက်ကျမှုတွင် အလောင်း ၂၀၀ ကျော် ရရှိထားသည်ဟု အာမတ်ဒါဘတ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ANI သတင်းဌာနကို အာမတ်ဒါဘတ်ရဲချုပ် GS Malik ပြောကြားချက်အရ အသက်ရှင်သူတစ်ဦးရှိပြီး ဗြိတိန်နိုင်ငံသား ဗစ်ရှ်ဝက်ကူမာ ရာမိရှ်ဆိုသူဖြစ်သည်။
ဆေးရုံတွင်ကုသမှုခံယူနေသည့် ဗစ်ရှ်ဝက်ကူမာ က “လေယာဉ်ထွက်ပြီး စက္ကန့် ၃၀ အကြာမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ပြီးတော့ လေယာဉ်ပျက်ကျသွားတယ်။ဖြစ်သွားတာ အရမ်းမြန်တယ် ” ဟု မီဒီယာကိုပြောသည်။
လူနေရပ်ကွက်အတွင်း ပျက်ကျသွားသည့် အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်း အားလုံးပေါင်း ၂၄၂ လိုက်ပါသွားကာ အာဘတ်ဒါဘတ်လေဆိပ်မှ နေ့လည် ၁ နာရီ ၃၉ မိနစ်တွင် ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများထဲ အသက် ၆၈ နှစ်အရွယ်ရှိ ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဗီဂျေရူပါနီလည်း ပါဝင်သည်။မစ္စတာရူပါနီသည် ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
Air India လေကြောင်းလိုင်းက Tata Group အပိုင်ဖြစ်ပြီး သေဆုံးသူတစ်ဦးစီအတွက် ရူပီးတစ်ကုဋေပေးမည်ဟု ကြေညာထားသည်။လေယာဉ်ပျက်ကျမှုကို ကူညီစစ်ဆေးဖော်ထုတ်ပေးရန် အမေရိကန်နှင့် ဗြိတိန်စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ အိန္ဒိယကို စေလွှတ်ထားသည်။