ညမထြက္ရအမိန႔္ထုတ္ထားေသာ္လည္း ေလာ့အိန္ဂ်လိၿမိဳ႕၌ ဆူပူအုံႂကြမႈမ်ား ဆက္လက္ျဖစ္ပြား
ညမထြက္ရအမိန႔္ထုတ္ထားေသာ္လည္း ေလာ့အိန္ဂ်လိၿမိဳ႕၌ ဆူပူအုံႂကြမႈမ်ား ဆက္လက္ျဖစ္ပြား
======================
အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ရွိ ေလာ့အိန္ဂ်လိၿမိဳ႕၌ ျဖစ္ပြားေနေသာ ဆူပူဆႏၵျပမႈ မ်ားကို ထိန္းသိမ္းႏိုင္ေရးအတြက္ သမၼတထရမ့္ က အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ႏွင့္ မရိန္းတပ္ဖြဲ႕တို႔ကို ေစလႊတ္ကာ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားေသာ္လည္း ဆူပူအုံႂကြမႈမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏မူဝါဒအရ ႏိုင္ငံအတြင္း ဗီဇာသက္တမ္းေက်ာ္လြန္ေနထိုင္သူမ်ား၊ ခိုးဝင္ ေနထိုင္သူ မ်ားကို ဗဟိုအစိုးရတာဝန္ရွိသူမ်ားက ဝင္ေရာက္ဖမ္းဆီးမႈမ်ား လုပ္ေဆာင္စဥ္ ဆႏၵျပမႈမ်ားႏွင့္ ရင္ဆိုင္ရၿပီး ထိုဆႏၵျပမႈမ်ားက ဆူပူအုံႂကြမႈဆီသို႔ ကူးေျပာင္းလာျခင္း ျဖစ္သည္။
ဇြန္လ ၁၀ ရက္ညပိုင္းအထိ အေမရိကန္ ျပည္တြင္းသတင္းဌာနမ်ား၏ထုတ္ျပန္ခ်က္မ်ားကို ၾကည့္ပါက အဆိုပါဆူပူအုံႂကြမႈမ်ားသည္ ေလာ့အိန္ဂ်လိၿမိဳ႕၌သာမက အျခားၿမိဳ႕ေပါင္း ၁၀ ၿမိဳ႕ေက်ာ္တြင္လည္း အလားတူ ဆူပူ ဆႏၵျပမႈမ်ားျဖစ္ပြားေနၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါဆႏၵျပမႈမ်ားတြင္ ဦးေဆာင္ပါဝင္သူမ်ားသည္ အခေၾကးေငြ ရယူထားသည့္ ဆူပူအုံႂကြသူမ်ားျဖစ္ေၾကာင္း၊ ေလာ့အိန္ဂ်လိၿမိဳ႕တြင္ အုံႂကြမႈမ်ားျဖစ္ပြားေစရန္ ေကာင္းစြာ ေလ့က်င့္ ထားသည့္ ေသြးထိုးလႈံ႕ေဆာ္သူမ်ားက လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ထရမ့္ က ေျပာထားသည္ဟု ဆင္ဟြာ သတင္း ဌာနေဖာ္ျပခ်က္အရ သိရသည္။
ညမထွက်ရအမိန့်ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား
======================
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှု များကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့် က အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊ ခိုးဝင် နေထိုင်သူ များကို ဗဟိုအစိုးရတာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်း ဖြစ်သည်။
ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ထုတ်ပြန်ချက်များကို ကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြားမြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူ ဆန္ဒပြမှုများဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေ ရယူထားသည့် ဆူပူအုံကြွသူများဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန် ကောင်းစွာ လေ့ကျင့် ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထရမ့် က ပြောထားသည်ဟု ဆင်ဟွာ သတင်း ဌာနဖော်ပြချက်အရ သိရသည်။