UFC ဖလိုင္းဝိတ္တန္း အဆင့္ (၁) ဘရန္ဒန္႐ြိဳင္ဗယ္နဲ႔ ဂ်ိဳရႉအာဗန္ ထိုးသတ္မည္

UFC ဖလိုင္းဝိတ္တန္း အဆင့္ (၁) ဘရန္ဒန္႐ြိဳင္ဗယ္နဲ႔ ဂ်ိဳရႉအာဗန္ ထိုးသတ္မည္
=========================
ခ်င္းတိုင္းရင္းသား MMA ဖိုက္တာ ဂ်ိဳရႈအာဗန္ဟာ UFC ဖလိုင္းဝိတ္တန္းရဲ႕ လက္ရွိအဆင့္ (၁) သတ္မွတ္ခံထားရတဲ့ အေမရိကန္ဖိုက္တာ ဘရန္ဒန္႐ြိဳင္ဗယ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမွာျဖစ္ပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္လို႔ UFC ပ႐ိုမိုးရွင္းဘက္က အတည္မျပဳေသးေပမဲ့ ဂ်ိဳရႈအာဗန္နဲ႔ ဘရန္ဒန္႐ြိဳင္ဗယ္တို႔ႏွစ္ဦးစလုံးကေတာ့ အတည္ျပဳထားၿပီးပါၿပီ။

ခ်င္းတိုင္းရင္းသားဖိုက္တာ ဂ်ိဳရႈအာဗန္ဟာ လာမယ့္ဇြန္ (၂၈) ရက္၊ အေမရိကန္ႏိုင္ငံ၊ လပ္ေဗးဂတ္စ္ၿမိဳ႕က T Mobile Arena ႐ုံမွာ က်င္းပမယ့္ UFC -317 ၿပိဳင္ပြဲမွာ ဖလိုင္းဝိတ္တန္းအျဖစ္ ဘရန္ဒန္႐ြိဳင္ဗယ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရမွာျဖစ္ပါတယ္။

မူလက UFC-317 ၿပိဳင္ပြဲမွာ လက္ရွိ UFC ဖလိုင္းဝိတ္တန္းရဲ႕ အဆင့္ (၁) ဘရန္ဒန္႐ြိဳင္ဗယ္နဲ႔ ထိုးသတ္မယ့္သူက အဆင့္ (၆) ရွိ ေပၚတူဂီဖိုက္တာ မာနယ္ကိပ္ျဖစ္ပါတယ္။

ဒါေပမဲ့ ေပၚတူဂီဖိုက္တာ မာနယ္ကိပ္က ဒဏ္ရာေၾကာင့္ UFC-317 ပြဲကို မယွဥ္ၿပိဳင္ႏိုင္ေတာ့တာေၾကာင့္ ခ်င္းတိုင္းရင္းသားဖိုက္တာ ဂ်ိဳရႈအာဗန္က အစားထိုးဝင္ေရာက္ထိုးသတ္မွာျဖစ္ပါတယ္။

ဘရန္ဒန္႐ြိဳင္ဗယ္ဟာ လက္ရွိ အသက္ (၃၁) ႏွစ္ရွိၿပီး ပေရာ္ရွင္နယ္ MMA ကစားသမားဘဝ (၂၄) ပြဲ ထိုးသတ္ထားရာမွာ (၁၇) ပြဲႏိုင္၊ (၇) ပြဲ ရႈံးထားပါတယ္။ UFC မွာဆိုရင္ ဘရန္ဒန္႐ြိဳင္ဗယ္ဟာ (၁၀) ပြဲထိုး၊ (၇) ပြဲႏိုင္၊ (၃) ပြဲရႈံးထားတဲ့ လက္ရွိ UFC ဖလိုင္းဝိတ္တန္းရဲ႕ အဆင့္ (၁) သတ္မွတ္ခံထားရတဲ့ ဖိုက္တာျဖစ္ပါတယ္။

ဂ်ိဳရႈအာဗန္က ၿပီးခဲ့တဲ့ရက္ပိုင္းကမွ UFC-316 ၿပိဳင္ပြဲမွာ ဘရာဇီးလ္ဖိုက္တာ ဘ႐ူႏိုဒါေဆးလ္ဗားကို အလဲထိုးနဲ႔ အႏိုင္ရထားၿပီး လက္ရွိ UFC ဖလိုင္းဝိတ္တန္းရဲ႕ အဆင့္ (၁၀) သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

ဂ်ိဳရႈအာဗန္က ပေရာ္ဖက္ရွင္နယ္ MMA ကစားသမားဘဝ (၁၆) ပြဲထိုးသတ္ထားရာမွာ (၁၄) ပြဲႏိုင္၊ (၂) ပြဲရႈံးထားပါတယ္။ UFC မွာဆိုရင္ေတာ့ ဂ်ိဳရႈအာဗန္က (၈) ပြဲထိုးသတ္ထားၿပီး (၇) ပြဲႏိုင္၊ (၁) ပြဲသာရႈံးနိမ့္ထားတဲ့ အသက္ (၂၃) ႏွစ္ လူငယ္ဖိုက္တာျဖစ္ပါတယ္။

ဂ်ိဳရႈအာဗန္ဟာ UFC-317 ၿပိဳင္ပြဲမွာ ထိုးသတ္ခြင့္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲႏွစ္ပြဲဆက္တိုက္ ထိုးသတ္ခြင့္ရတဲ့ UFC ရဲ႕ ႀကဳံေတာ့ႀကဳံခဲ အခြင့္ထူးခံဖိုက္တာတစ္ဦး ျဖစ္ခြင့္ရရွိမွာျဖစ္ပါတယ္။


UFC ဖလိုင်းဝိတ်တန်း အဆင့် (၁) ဘရန်ဒန်ရွိုင်ဗယ်နဲ့ ဂျိုရှူအာဗန် ထိုးသတ်မည်
=========================
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိအဆင့် (၁) သတ်မှတ်ခံထားရတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ UFC ပရိုမိုးရှင်းဘက်က အတည်မပြုသေးပေမဲ့ ဂျိုရှုအာဗန်နဲ့ ဘရန်ဒန်ရွိုင်ဗယ်တို့နှစ်ဦးစလုံးကတော့ အတည်ပြုထားပြီးပါပြီ။

ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှုအာဗန်ဟာ လာမယ့်ဇွန် (၂၈) ရက်၊ အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့က T Mobile Arena ရုံမှာ ကျင်းပမယ့် UFC -317 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်းအဖြစ် ဘရန်ဒန်ရွိုင်ဗယ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

မူလက UFC-317 ပြိုင်ပွဲမှာ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) ဘရန်ဒန်ရွိုင်ဗယ်နဲ့ ထိုးသတ်မယ့်သူက အဆင့် (၆) ရှိ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်ဖြစ်ပါတယ်။

ဒါပေမဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်က ဒဏ်ရာကြောင့် UFC-317 ပွဲကို မယှဉ်ပြိုင်နိုင်တော့တာကြောင့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှုအာဗန်က အစားထိုးဝင်ရောက်ထိုးသတ်မှာဖြစ်ပါတယ်။

ဘရန်ဒန်ရွိုင်ဗယ်ဟာ လက်ရှိ အသက် (၃၁) နှစ်ရှိပြီး ပရော်ရှင်နယ် MMA ကစားသမားဘဝ (၂၄) ပွဲ ထိုးသတ်ထားရာမှာ (၁၇) ပွဲနိုင်၊ (၇) ပွဲ ရှုံးထားပါတယ်။ UFC မှာဆိုရင် ဘရန်ဒန်ရွိုင်ဗယ်ဟာ (၁၀) ပွဲထိုး၊ (၇) ပွဲနိုင်၊ (၃) ပွဲရှုံးထားတဲ့ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) သတ်မှတ်ခံထားရတဲ့ ဖိုက်တာဖြစ်ပါတယ်။

ဂျိုရှုအာဗန်က ပြီးခဲ့တဲ့ရက်ပိုင်းကမှ UFC-316 ပြိုင်ပွဲမှာ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားကို အလဲထိုးနဲ့ အနိုင်ရထားပြီး လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁၀) သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

ဂျိုရှုအာဗန်က ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၆) ပွဲထိုးသတ်ထားရာမှာ (၁၄) ပွဲနိုင်၊ (၂) ပွဲရှုံးထားပါတယ်။ UFC မှာဆိုရင်တော့ ဂျိုရှုအာဗန်က (၈) ပွဲထိုးသတ်ထားပြီး (၇) ပွဲနိုင်၊ (၁) ပွဲသာရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ် လူငယ်ဖိုက်တာဖြစ်ပါတယ်။

ဂျိုရှုအာဗန်ဟာ UFC-317 ပြိုင်ပွဲမှာ ထိုးသတ်ခွင့်ရခဲ့တာကြောင့် ပြိုင်ပွဲနှစ်ပွဲဆက်တိုက် ထိုးသတ်ခွင့်ရတဲ့ UFC ရဲ့ ကြုံတော့ကြုံခဲ အခွင့်ထူးခံဖိုက်တာတစ်ဦး ဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။