အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ တပ္စြဲခဲ့ျခင္းအတြက္ အေမရိကန္အစိုးရအား ကယ္လီဖိုးနီးယားျပည္နယ္က တရားစြဲဆို

အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ တပ္စြဲခဲ့ျခင္းအတြက္ အေမရိကန္အစိုးရအား ကယ္လီဖိုးနီးယားျပည္နယ္က တရားစြဲဆို
=========================

(ႏိုင္ငံတကာ) ဇြန္ ၁၂

အေမရိကန္ႏိုင္ငံ ေလာ့အိန္ဂ်လိစ္တြင္ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕အား တပ္စြဲခဲ့ျခင္းအတြက္ အေမရိကန္ အစိုးရအား ကယ္လီဖိုးနီးယားျပည္နယ္က တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသားအေစာင့္တပ္ဖြဲ႕အား တရားမဝင္အသုံးခ်ခဲ့ျခင္းအတြက္ တရားစြဲဆိုျခင္းျဖစ္ၿပီး ၎ေဆာင္႐ြက္ခ်က္ေၾကာင့္ ေလာ့အိန္ဂ်လိစ္ေဒသတြင္ အဓိက႐ုဏ္းမ်ားျဖစ္ပြားခဲ့သည္ဟု ကယ္လီဖိုးနီးယားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ေဂဗင္နယူဆန္ႏွင့္ ေရွ႕ေနခ်ဳပ္ ေရာ့ဗြန္တာ တို႔က ေျပာၾကားသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရး၏ သေဘာတူညီခ်က္မပါဝင္ဘဲ ေဆာင္႐ြက္ျခင္းသည္ အေျခခံဥပေဒကို ခ်ိဳးေဖာက္ျခင္းျဖစ္သျဖင့္ သမၼတထရမ့္ႏွင့္ ကာကြယ္ေရးဝန္ႀကီး ပီတီဟက္ဂက္တို႔အား တရားစြဲ ဆိုျခင္းျဖစ္ေၾကာင္း ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက ေျပာၾကားသည္။

ၿပီးခဲ့သည့္ရက္မ်ားအတြင္းက ျဖစ္ပြားခဲ့သည့္ အဓိက႐ုဏ္းမ်ားတြင္ ဆႏၵေဖာ္ထုတ္သူမ်ားႏွင့္ ရဲတပ္ဖြဲ႕ အၾကား ပဋိပကၡမ်ားျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိမႈမ်ား ရွိခဲ့သည္။

သမၼတသည္ ၎၏ႏိုင္ငံေရးအက်ိဳးအျမတ္အတြက္ အဓိက႐ုဏ္းမ်ားကို ဖန္တီးေနသည္ဟု ေရွ႕ေနခ်ဳပ္ ေရာ့ဗြန္တာ က ေျပာၾကားသည္။ အဆိုပါ တရားစြဲဆိုမႈ အၿပီးတြင္ ထရမ့္ကလည္း ဆႏၵေဖာ္ထုတ္သူမ်ားအား ျပင္းထန္စြာတုံ႔ျပန္မည္ဟု ေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာ သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။

_____________________

အမျိုးသားအစောင့်တပ်ဖွဲ့ တပ်စွဲခဲ့ခြင်းအတွက် အမေရိကန်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆို
=========================

(နိုင်ငံတကာ) ဇွန် ၁၂

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်တွင် အမျိုးသားအစောင့်တပ်ဖွဲ့အား တပ်စွဲခဲ့ခြင်းအတွက် အမေရိကန် အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အမျိုးသားအစောင့်တပ်ဖွဲ့အား တရားမဝင်အသုံးချခဲ့ခြင်းအတွက် တရားစွဲဆိုခြင်းဖြစ်ပြီး ၎င်းဆောင်ရွက်ချက်ကြောင့် လော့အိန်ဂျလိစ်ဒေသတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့သည်ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆန်နှင့် ရှေ့နေချုပ် ရော့ဗွန်တာ တို့က ပြောကြားသည်။

ပြည်နယ်အုပ်ချုပ်ရေး၏ သဘောတူညီချက်မပါဝင်ဘဲ ဆောင်ရွက်ခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သဖြင့် သမ္မတထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဂက်တို့အား တရားစွဲ ဆိုခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်များအတွင်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် ဆန္ဒဖော်ထုတ်သူများနှင့် ရဲတပ်ဖွဲ့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

သမ္မတသည် ၎င်း၏နိုင်ငံရေးအကျိုးအမြတ်အတွက် အဓိကရုဏ်းများကို ဖန်တီးနေသည်ဟု ရှေ့နေချုပ် ရော့ဗွန်တာ က ပြောကြားသည်။ အဆိုပါ တရားစွဲဆိုမှု အပြီးတွင် ထရမ့်ကလည်း ဆန္ဒဖော်ထုတ်သူများအား ပြင်းထန်စွာတုံ့ပြန်မည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန ဖော်ပြချက်အရ သိရသည်။