ဇူလိုင္လတြင္ က်င္းပမည့္ (TOP-J) စာေမးပြဲ ေလွ်ာက္ထားႏိုင္

ဇူလိုင္လတြင္ က်င္းပမည့္ (TOP-J) စာေမးပြဲ ေလွ်ာက္ထားႏိုင္
=====================

၂၀၂၅ ခုႏွစ္၊ ဇူလိုင္ ၁၃ ရက္တြင္ က်င္းပမည့္ (Top-J) စာေမးပြဲကို ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ က်င္းပ သြားမွာျဖစ္ၿပီး စာေမးပြဲအဆင့္မွာ Basic (N4+N5), Intermediate (N3+N2) တို႔ျဖစ္တာေၾကာင့္ ေျဖဆိုလိုသူမ်ားအေနနဲ႔ (TOP-J) စာေမးပြဲကို ေလွ်ာက္ထားေျဖဆိုႏိုင္ေၾကာင္း သိရပါတယ္။

စာေမးပြဲဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕မ်ားတြင္ ဇြန္လ ၂ ရက္မွ ၁၃ ရက္အထိ လက္ခံ ေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕အတြက္ ေလွ်ာက္ထားရမည့္လိပ္စာမွာ MAJA Education Centre ဖုန္း ၀၉-၄၂၈၆၁၃၈၄၈ အမွတ္(၄၄၀/ဘီ)၊ ေဇယ် (၁၄) လမ္း၊ (၁၀) ရပ္ကြက္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕ အတြက္ ေလွ်ာက္ထားရမည့္လိပ္စာမွာ MAJA Office (Mandalay Branch)ဖုန္း ၀၉-၂၅၅၁၆၂၅၃၃၊ ၆၈ လမ္း၊ ၂၆ ႏွင့္ ၂၇ လမ္းၾကား၊ မႏၲေလးဆြမ္းဟိုတယ္ အျပင္ဘက္၊ အေနာက္ဘက္ျခမ္း ျဖစ္ပါတယ္။

TOP-J သည္ ဂ်ပန္ႏိုင္ငံ၏ STUDY in JAPAN မွ အသိအမွတ္ျပဳထားတဲ့ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE က က်င္းပျပဳလုပ္သည့္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္ စာေမးပြဲ တစ္ခုျဖစ္ရာ ဂ်ပန္ဘာသာစကားစြမ္းရည္ကို စစ္ေဆးရန္၊ ဂ်ပန္တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားရန္၊ ပညာသင္ဆု ေလွ်ာက္ထားရန္ႏွင့္ အလုပ္အကိုင္ေလွ်ာက္ထားသည့္အခ်ိန္တြင္ သက္ဆိုင္ရာအဖြဲ႕အစည္းက ဂ်ပန္ဘာသာအရည္ အခ်င္း အသိအမွတ္ျပဳ စာေမးပြဲေအာင္လက္မွတ္ေတာင္းဆိုသည့္အခါတို႔တြင္ အဓိကအသုံးျပဳႏိုင္ေၾကာင္း သိရပါတယ္။

______________________

ဇူလိုင်လတွင် ကျင်းပမည့် (TOP-J) စာမေးပွဲ လျှောက်ထားနိုင်
=====================

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် (Top-J) စာမေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပ သွားမှာဖြစ်ပြီး စာမေးပွဲအဆင့်မှာ Basic (N4+N5), Intermediate (N3+N2) တို့ဖြစ်တာကြောင့် ဖြေဆိုလိုသူများအနေနဲ့ (TOP-J) စာမေးပွဲကို လျှောက်ထားဖြေဆိုနိုင်ကြောင်း သိရပါတယ်။

စာမေးပွဲဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ဇွန်လ ၂ ရက်မှ ၁၃ ရက်အထိ လက်ခံ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရန်ကုန်မြို့အတွက် လျှောက်ထားရမည့်လိပ်စာမှာ MAJA Education Centre ဖုန်း ၀၉-၄၂၈၆၁၃၈၄၈ အမှတ်(၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။

မန္တလေးမြို့ အတွက် လျှောက်ထားရမည့်လိပ်စာမှာ MAJA Office (Mandalay Branch)ဖုန်း ၀၉-၂၅၅၁၆၂၅၃၃၊ ၆၈ လမ်း၊ ၂၆ နှင့် ၂၇ လမ်းကြား၊ မန္တလေးဆွမ်းဟိုတယ် အပြင်ဘက်၊ အနောက်ဘက်ခြမ်း ဖြစ်ပါတယ်။

TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားတဲ့ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE က ကျင်းပပြုလုပ်သည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ တစ်ခုဖြစ်ရာ ဂျပန်ဘာသာစကားစွမ်းရည်ကို စစ်ဆေးရန်၊ ဂျပန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်၊ ပညာသင်ဆု လျှောက်ထားရန်နှင့် အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းက ဂျပန်ဘာသာအရည် အချင်း အသိအမှတ်ပြု စာမေးပွဲအောင်လက်မှတ်တောင်းဆိုသည့်အခါတို့တွင် အဓိကအသုံးပြုနိုင်ကြောင်း သိရပါတယ်။