အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲတစ္ရပ္ကို လန္ဒန္ၿမိဳ႕၌က်င္းပမည္

အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲတစ္ရပ္ကို လန္ဒန္ၿမိဳ႕၌က်င္းပမည္
=======================

အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြးပြဲတစ္ရပ္ကို ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕၌ ဇြန္လ ၉ တြင္ က်င္းပမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဝန္ႀကီးအဆင့္ေဆြးေႏြးပြဲကို အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား ကုန္သြယ္ေရးတင္းမာေနစဥ္ က်င္းပျခင္းျဖစ္ၿပီး ၎ေဆြးေႏြးပြဲတြင္ အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘက္ဆန႔္၊ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးေဟာင္း ဝပ္လက္နစ္၊ အေမရိကန္ကုန္သြယ္ေရး ေစ့စပ္ညႇိႏႈိင္းသူ ဂ်မီဆင္ဂရီးယား တို႔က တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

၎ေတြ႕ဆုံေဆြးေႏြးပြဲသည္ ႏွစ္ႏိုင္ငံၾကား လက္သင့္ခံႏိုင္မည့္ ရလဒ္မ်ားကို ထြက္ေပၚလာေစႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ထရမ့္ က ဇြန္လ ၆ ရက္ တြင္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕တြင္က်င္းပမည့္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲ၌ ေျမရွားသတၱဳက႑ႏွင့္ စပ္လ်ဥ္း၍ အဓိကဦးစားေပး ေဆြးေႏြးမည္ျဖစ္ေၾကာင္း ထရမ့္၏ ကုန္သြယ္ေရး ဆိုင္ရာအႀကံေပး ပီတာနာဗာ႐ို က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

___________________________

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ကျင်းပမည်
=======================

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇွန်လ ၉ တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေစဉ် ကျင်းပခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်း ဝပ်လက်နစ်၊ အမေရိကန်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ ဂျမီဆင်ဂရီးယား တို့က တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား လက်သင့်ခံနိုင်မည့် ရလဒ်များကို ထွက်ပေါ်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း ထရမ့် က ဇွန်လ ၆ ရက် တွင်ပြောကြားခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပမည့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲ၌ မြေရှားသတ္တုကဏ္ဍနှင့် စပ်လျဉ်း၍ အဓိကဦးစားပေး ဆွေးနွေးမည်ဖြစ်ကြောင်း ထရမ့်၏ ကုန်သွယ်ရေး ဆိုင်ရာအကြံပေး ပီတာနာဗာရို က ပြောကြားခဲ့ကြောင်း သိရသည်။