(၁၅)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ အလံတင္အခမ္းအနားက်င္းပျပဳလုပ္ျခင္းႏွင့္သံဃာေတာ္အရွင္သူျမတ္တို႔အားေန႔ဆြမ္းဆက္ကပ္လႉဒါန္းျခင္း





(၁၅)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ အလံတင္အခမ္းအနားက်င္းပျပဳလုပ္ျခင္းႏွင့္သံဃာေတာ္အရွင္သူျမတ္တို႔အားေန႔ဆြမ္းဆက္ကပ္လႉဒါန္းျခင္း
==============================
ေနျပည္ေတာ္ ဇြန္ ၈

ယေန႔ ၂၀၂၅ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔တြင္ က်ေရာက္ေသာ(၁၅)ႏွစ္ေျမာက္ ပါတီ ႏွစ္ပတ္လည္ေန႔ အလံတင္အခမ္းအနားကို နံနက္ (၀၆:၀၀)နာရီအခ်ိန္ကျပည္ခိုင္ၿဖိဳးပါတီ ဌာနခ်ဳပ္၌ျပဳလုပ္က်င္းပခဲ့ပါသည္။

အစီအစဥ္အရ ဗဟိုေကာ္မတီဝင္၊ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ားေနရာယူၾကၿပီး အလံတင္အခမ္းအနား ဖြင့္လွစ္ခဲ့ပါသည္။ဆက္လက္၍ဗဟိုေကာ္မတီဝင္ ဦးသိန္းထြန္းဦး၊ဌာနခ်ဳပ္မႉးဦးေသာင္းေ႐ႊႏွင့္ဌာနမႉး ဦးေက်ာ္သူရတို႔အလံတိုင္ေရွ႕တြင္ေနရာယူၿပီး ဌာနခ်ဳပ္မႉးဦးေသာင္းေ႐ႊမွ ႏိုင္ငံေတာ္အလံလႊင့္တင္ကာဗဟိုေကာ္မတီဝင္ဦးသိန္းထြန္းဦးႏွင့္ဌာနမႉး ဦးေက်ာ္သူရတို႔မွပါတီအလံမ်ားလႊင္တင္ခဲ့ၾကပါသည္။

၎ေနာက္ ႏိုင္ငံေတာ္အလံအား အေလးျပဳ၍ ႏိုင္ငံေတာ္သီးခ်င္းသီဆိုကာအခမ္းအနားၿပီးေျမာက္ခဲ့ပါသည္။

ဆက္လက္၍နံနက္(၁၀:၀၀)နာရီအခ်ိန္၌ ပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္လႉဒါန္းျခင္းအခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ဖြင့္လွစ္ခဲ့ၿပီးေနျပည္ေတာ္၊လယ္ေဝးၿမိဳ႕၊ေပါက္ၿမိဳင္ပရိယတၱိ စာသင္တိုက္ ပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု၊ အဂ္ဂမဟာပဏ္ဍိတ၊မဟာဂန္ဓဝါစက၊ဥပ္ပါတသန္တိစေတီ ေတာ္ျမတ္ႀကီး၏ၾသဝါဒစရိယဆရာေတာ္ဘဒၵႏၲဇနိႏၵ ထံမွအဂၤါ (၅)ပါးႏွင့္ျပည့္စုံေသာသီလေတာ္ျမတ္ခံယူ ေဆာက္တည္ၿပီးႂကြေရာက္ေတာ္မူလာၾကကုန္ေသာ သံဃာေတာ္အရွင္သူျမတ္မ်ားက ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ခ်ီးျမႇင့္ခဲ့ပါသည္။

၎ေနာက္ႂကြေရာက္ေတာ္မူလာၾကကုန္ေသာ သံဃာေတာ္အရွင္သူျမတ္မ်ားအားလႉဖြယ္ဝတၳဳပစၥည္း မ်ားဆက္ကပ္လႉဒါန္းျခင္းအတြက္ဥပၸါတသႏၲိေစတီ ေတာ္ျမတ္ႀကီး၏ၾသဝါဒစရိယဆရာေတာ္ဘဒၵႏၲဇနိႏၵမွအႏုေမာဒနာတရားႁမြက္ၾကားကာလႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေဝခဲ့ၿပီး ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍အခမ္းအနားအား႐ုပ္သိမ္းခဲ့ပါသည္။

၎ေနာက္ ႂကြေရာက္ေတာ္မူလာၾကကုန္ေသာ သံဃာေတာ္အရွင္သူျမတ္တို႔အားေန႔ဆြမ္းဆက္ကပ္ လႉဒါန္းခဲ့ပါသည္။

ယေန႔က်င္းပျပဳလုပ္ေသာအခမ္းအနားသို႔ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊အေထြေထြအတြင္း ေရးမႉးဦးေသာင္းေအး၊တြဲဘက္အေထြေထြ အတြင္းေရးမႉးဦးတင္ေအာင္ခ်စ္၊ဗဟိုအတြင္းေရးမႉးမ်ား၊ဗဟိုအလုပ္အမႈေဆာင္မ်ား၊ဗဟိုေကာ္မတီဝင္မ်ား၊ဌာနခ်ဳပ္မႉးႏွင့္ဌာနမႉးမ်ား၊ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားတက္ေရာက္ခဲ့ပါသည္။
_____________________

(၁၅)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့်သံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
==============================
နေပြည်တော် ဇွန် ၈

ယနေ့ ၂၀၂၅ ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် ကျရောက်သော(၁၅)နှစ်မြောက် ပါတီ နှစ်ပတ်လည်နေ့ အလံတင်အခမ်းအနားကို နံနက် (၀၆:၀၀)နာရီအချိန်ကပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ပြုလုပ်ကျင်းပခဲ့ပါသည်။

အစီအစဥ်အရ ဗဟိုကော်မတီဝင်၊ဌာနချုပ်မှူးနှင့် ဌာနမှူးများနေရာယူကြပြီး အလံတင်အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ဆက်လက်၍ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦး၊ဌာနချုပ်မှူးဦးသောင်းရွှေနှင့်ဌာနမှူး ဦးကျော်သူရတို့အလံတိုင်ရှေ့တွင်နေရာယူပြီး ဌာနချုပ်မှူးဦးသောင်းရွှေမှ နိုင်ငံတော်အလံလွှင့်တင်ကာဗဟိုကော်မတီဝင်ဦးသိန်းထွန်းဦးနှင့်ဌာနမှူး ဦးကျော်သူရတို့မှပါတီအလံများလွှင်တင်ခဲ့ကြပါသည်။

၎င်းနောက် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီးချင်းသီဆိုကာအခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ဆက်လက်၍နံနက်(၁၀:၀၀)နာရီအချိန်၌ ပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီးနေပြည်တော်၊လယ်ဝေးမြို့၊ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ်ဂမဟာပဏ်ဍိတ၊မဟာဂန်ဓဝါစက၊ဥပ်ပါတသန်တိစတေီ တော်မြတ်ကြီး၏သြဝါဒစရိယဆရာတော်ဘဒ္ဒန္တဇနိန္ဒ ထံမှအင်္ဂါ (၅)ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ခံယူ ဆောက်တည်ပြီးကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ပါသည်။

၎င်းနောက်ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များအားလှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းခြင်းအတွက်ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏သြဝါဒစရိယဆရာတော်ဘဒ္ဒန္တဇနိန္ဒမှအနုမောဒနာတရားမြွက်ကြားကာလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။

၎င်းနောက် ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သောအခမ်းအနားသို့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊အထွေထွေအတွင်း ရေးမှူးဦးသောင်းအေး၊တွဲဘက်အထွေထွေ အတွင်းရေးမှူးဦးတင်အောင်ချစ်၊ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်များ၊ဗဟိုကော်မတီဝင်များ၊ဌာနချုပ်မှူးနှင့်ဌာနမှူးများ၊ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။