တရားမဝင္နည္းလမ္းနဲ႔ UID နံပါတ္ရယူျခင္း Passport ေလွ်ာက္ထားျခင္းမ်ားျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားအရ အေရးယူမည္
တရားမဝင္နည္းလမ္းနဲ႔ UID နံပါတ္ရယူျခင္း Passport ေလွ်ာက္ထားျခင္းမ်ားျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားအရ အေရးယူမည္
===============================
အျခားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားျဖင့္ UID နံပါတ္ရယူျခင္း၊ Passport ေလွ်ာက္ထားျခင္းမ်ားအား စစ္ေဆးေတြ႕ရွိေနရတာေၾကာင့္ အဆိုပါျပစ္မႈမ်ားမွာ ပါဝင္ပတ္သက္သူမ်ားအားလုံးကို ျမန္မာႏိုင္ငံရဲ႕ တည္ဆဲ ဥပေဒမ်ားအရ ထိေရာက္စြာအေရးယူသြားမည္ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူအင္အားဦးစီးဌာနက အသိေပး ထုတ္ျပန္ထားပါတယ္။
အခုလိုလုပ္ေဆာင္မႈက စာ႐ြက္စာတမ္း အတုျပဳလုပ္မႈ၊ လိမ္လည္မႈႏွင့္ ႏိုင္ငံေတာ္ လုံၿခဳံေရးကို ထိခိုက္ေစမႈ ကဲ့သို႔ေသာ ျပစ္မႈမ်ားႏွင့္သက္ဆိုင္ကာ ႏိုင္ငံေတာ္ရဲ႕ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားမွာ အလြဲသုံးစား ျပဳလုပ္ႏိုင္ေျခ ရွိေစတယ္လို႔ အသိေပးခဲ့ပါတယ္။
ဒါ့အျပင္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္သိကၡာႏွင့္ ပုံရိပ္ကိုထိခိုက္ေစႏိုင္တဲ့အျပင္ ျပည္သူလူထုႏွင့္ အစိုးရအၾကား ယုံၾကည္မႈကို ပ်က္စီးေစၿပီး တရားဥပေဒစိုးမိုးေရးကိုပါ ထိပါးေစႏိုင္တယ္လို႔ အသိေပးထားပါတယ္။
အလားတူ တရားမဝင္ေ႐ႊ႕ေျပာင္းသြားလာျခင္း၊ လူကုန္ကူးျခင္း (သို႔မဟုတ္) အၾကမ္းဖက္မႈ ကဲ့သို႔ေသာ လုပ္ေဆာင္မႈမ်ားအတြက္ အသုံးျပဳႏိုင္ေၾကာင္းလည္း အသိေပးခ်က္တြင္ ေဖာ္ျပထားပါတယ္။
ဒါေၾကာင့္ အဆိုပါ ျပစ္မႈမ်ားတြင္ ပါဝင္ပတ္သက္သူမ်ားအားလုံးကို ျမန္မာႏိုင္ငံရဲ႕ တည္ဆဲဥပေဒမ်ားအရ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ၿပီး ၎တို႔အားကူညီေပးသူမ်ား၊ လႈံ႕ေဆာ္သူမ်ား (သို႔မဟုတ္) ပူးေပါင္းႀကံစည္သူ မ်ားအားလုံးကိုလည္း ေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
ျပည္သူလူထုအေနနဲ႔ ထိုကဲ့သို႔ေသာ မသမာမႈမ်ားကို ေတြ႕ရွိပါက သက္ဆိုင္ရာသို႔ ခ်က္ခ်င္းသတင္းေပး တိုင္ၾကားေပးၾကရန္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို တရားမဝင္အလြဲသုံးစားျပဳလုပ္ျခင္း မခံရေစေရး အထူးဂ႐ု ျပဳထိန္းသိမ္းၾကရန္ႏွင့္ ႏိုင္ငံေတာ္ရဲ႕လုံၿခဳံေရးအတြက္ ပူးေပါင္းပါဝင္ၾကပါရန္ ေမတၱာရပ္ခံတိုက္တြန္းထားပါတယ္။ #PAN
_____________________________
တရားမဝင်နည်းလမ်းနဲ့ UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်
===============================
အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရတာကြောင့် အဆိုပါပြစ်မှုများမှာ ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
အခုလိုလုပ်ဆောင်မှုက စာရွက်စာတမ်း အတုပြုလုပ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု ကဲ့သို့သော ပြစ်မှုများနှင့်သက်ဆိုင်ကာ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ အလွဲသုံးစား ပြုလုပ်နိုင်ခြေ ရှိစေတယ်လို့ အသိပေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထိခိုက်စေနိုင်တဲ့အပြင် ပြည်သူလူထုနှင့် အစိုးရအကြား ယုံကြည်မှုကို ပျက်စီးစေပြီး တရားဥပဒေစိုးမိုးရေးကိုပါ ထိပါးစေနိုင်တယ်လို့ အသိပေးထားပါတယ်။
အလားတူ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးခြင်း (သို့မဟုတ်) အကြမ်းဖက်မှု ကဲ့သို့သော လုပ်ဆောင်မှုများအတွက် အသုံးပြုနိုင်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားပါတယ်။
ဒါကြောင့် အဆိုပါ ပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့အားကူညီပေးသူများ၊ လှုံ့ဆော်သူများ (သို့မဟုတ်) ပူးပေါင်းကြံစည်သူ များအားလုံးကိုလည်း ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ပြည်သူလူထုအနေနဲ့ ထိုကဲ့သို့သော မသမာမှုများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေး တိုင်ကြားပေးကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တရားမဝင်အလွဲသုံးစားပြုလုပ်ခြင်း မခံရစေရေး အထူးဂရု ပြုထိန်းသိမ်းကြရန်နှင့် နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ #PAN