သီတဂူစကၡဳဒါနေဆး႐ုံ ဇြန္လ (၁၂)ရက္တြင္ အခမဲ့ ဖြင့္လွစ္ကုသမည္
သီတဂူစကၡဳဒါနေဆး႐ုံ ဇြန္လ (၁၂)ရက္တြင္ အခမဲ့ ဖြင့္လွစ္ကုသမည္
=========================
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ၊ မဟာျမတ္မုနိဘုရားႀကီးဝင္းအတြင္းရွိ သီတဂူစကၡဳဒါန ေဆး႐ုံႀကီးကို ယခုလ ဇြန္ (၁၂) ရက္ မွစတင္ကာ အခမဲ့ဖြင့္လွစ္ကုသေပးသြားမည္ျဖစ္ေၾကာင္း အဆိုပါ ေဆး႐ုံဦးေဆာင္နာယက ဆရာေတာ္ထံမွ သိရသည္။
သီေပါ သီတဂူစကၡဳဒါန ေဆး႐ုံႀကီးတြင္ လွ်ပ္စစ္မီးျဖင့္ အသုံးျပဳရသည့္ ခြဲခန္းသုံးအဝတ္မ်ား၊ ခြဲစိတ္ကိရိယာမ်ားေပါင္းရန္ေပါင္းအိုး (၅)လုံး၊ မ်က္စိခြဲစိတ္စက္ (၅)လုံး၊ မ်က္စိေရာဂါရွာေဖြသည့္ စက္က (၄)လုံး ၊ မ်က္စိေရခ်ိန္တိုင္းစက္ (၃)လုံး ၊ ခြဲစိတ္ၿပီး မ်က္စိအတြင္းထည့္ရန္ မွန္ဘီလူးတိုင္းစက္ (၂)လုံး၊ ေလေအးေပးစက္ (၁၈)လုံးရွိၿပီး လက္ရွိတြင္ သန႔္ရွင္းေရးမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ေဆး႐ုံႀကီးအား သီတဂူဆရာေတာ္ဘုရားႀကီးက (၂၀၀၈) ခုႏွစ္အတြင္း ဦးစီးဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ၿပီး ေဆး႐ုံႀကီးအား က်ပ္သိန္း(၁,၃၃၃)ခန႔္ ကုန္က်ခံေဆာက္လုပ္ခဲ့ျခင္းလည္း ျဖစ္သည္။
ကိုဗစ္ – ၁၉ ေရာဂါကာလစတင္သည့္ အခ်ိန္မွစတင္၍ စမ္းသပ္ခြဲစိတ္ကုသေပးမႈမ်ားအား ယာယီရပ္ဆိုင္းခဲ့ၿပီး ၂၀၂၂ ခုႏွစ္၊ ေမလမွစတင္၍ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ျပန္လည္ဖြင့္လွစ္ ခြဲစိတ္ကုသေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ #Popular
______________________________
သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့ ဖွင့်လှစ်ကုသမည်
=========================
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက ဆရာတော်ထံမှ သိရသည်။
သီပေါ သီတဂူစက္ခုဒါန ဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးအား ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ကိုဗစ် – ၁၉ ရောဂါကာလစတင်သည့် အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ တစ်နှစ်လျှင် တစ်ကြိမ်ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ #Popular