=====================
_________________________________
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ရွှေ(၂)ခု ၊ ကြေး (၂)ခု ဆွတ်ခူးရရှိ
=====================
ဇွန်လ (၄) ရက်က ပြီးဆုံးခဲ့ပြီဖြစ်သည့် China – Asean Cup 2025 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ရွှေတံတိပ်(၂)ခု ၊ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမျိုးသား(၄)ယောက်တွဲ Men Regu event ဗို လ်လုပွဲ၌ အနိုင်ရရှိကာ ရွှေတံဆိပ်ဆု (၁)ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ (၃) ရက်ကလည်း အမျိုး သား (၃) ယောက်တွဲ Men Regu event ဗိုလ်လုပွဲ၌ မလေးရှားအသ င်းကို အနိုင်ယူကာ ရွှေတံဆိပ်ဆု (၁)ဆွတ်ခူးရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲသည် တရုတ်နိုင်ငံ Huishui မြို၌ ကျင်းပပြုလုပ်ခဲ့သည့် China-Asean Cup 2025 ပြိုင်ပွဲအတွင်း အာဆီယံ(၈)နိုင်ငံ အသင်းတိုဖြင့် ယှဉ် ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။