ဆိုးလ်၊ဇွန် ၎
Source : ရှင်းဟွာ
______________________________
ဆိုးလ်၌ အတို-က်အခံပါတီခေါင်းဆောင် လီဂျေးမြောင် သမ္မတဖြစ်လာ
ဆိုးလ်၊ဇွန် ၄
တောင်ကိုရီးယား၌ အတို-က်အခံပါတီခေါင်းဆောင်လီဂျေးမြောင်သည် ဗုဒ္ဓဟူးနေ့၌ သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ်ငါးနှစ်သက်တမ်းကို တရားဝင်စတင်ခဲ့သည်ဟုသိရသည်။
မစ္စတာလီသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၁ မိနစ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ၏အတည်ပြုချက်ဖြင့် သမ္မတရာထူးကိုထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယခင်နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးပျ-က်ပြယ်သွားခြင်းကြောင့်ဖြစ်ပေါ်လာသည့် သမ္မတကြားဖြ-တ်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည့်အတွက် အာဏာလွှပြောင်းရန်အသွင်ကူးပြောင်းရေးကာလမရှိပေ။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ မစ္စတာလီသည် မဲ ၄၉ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် ရှေးရိုးစွဲ ပီးပဲလ်ပါဝါ ပါတီ၏ အဓိကပြိုင်ဘက် ကင်မွန်းဆူကို ၄၁ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
Source : ရှင်းဟွာ