ဂ်ာမနီကိုႏိုင္ယူၿပီး ေပၚတူဂီအသင္း ေနးရွင္းလိဂ္ ဗိုလ္လုပြဲတက္ေရာက္

ဂ်ာမနီကိုႏိုင္ယူၿပီး ေပၚတူဂီအသင္း ေနးရွင္းလိဂ္ ဗိုလ္လုပြဲတက္ေရာက္
=============================
ယေန႔နံနက္အေစာပိုင္းက ယွဥ္ၿပိဳင္ကစားသြားတဲ့ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေပၚတူဂီအသင္းက ေရာ္နယ္ဒိုရဲ႕အႏိုင္ဂိုးနဲ႔ ဂ်ာမနီကို အႏိုင္ရၿပီး ဗိုလ္လုပြဲတက္ေရာက္သြားခဲ့ပါတယ္။

ဂ်ာမနီက ဘိုင္ယန္ျမဴးနစ္ကြင္းမွာ ကစားခဲ့တဲ့ အခုပြဲစဥ္မွာ ဂ်ာမနီအသင္းက ဖေလာ္ရီယန္ဝစ္ဇ္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ ပြဲခ်ိန္ ၆၃ မိနစ္မွာ ကြန္ဆီကာအိုက ေခ်ပဂိုး၊ ပြဲခ်ိန္ ၆၈ မိနစ္မွာ စီေရာ္နယ္ဒိုက အႏိုင္ဂိုး သြင္းခဲ့တာပါ။

အျခားဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ စပိန္နဲ႔ ျပင္သစ္တို႔ ဇြန္ ၆ ရက္ နံနက္ပိုင္းမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ဗိုလ္လုပြဲစဥ္ကိုေတာ့ လာမယ့္ ဇြန္ ၉ ရက္မွာ ဘိုင္ယန္ျမဴးနစ္ကြင္းမွာပဲ လက္ခံက်င္းပမွာျဖစ္ၿပီး စပိန္နဲ႔ ျပင္သစ္ပြဲစဥ္က အႏိုင္ရတဲ့အသင္းနဲ႔ ေပၚတူဂီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။
_____________________________________

ဂျာမနီကိုနိုင်ယူပြီး ပေါ်တူဂီအသင်း နေးရှင်းလိဂ် ဗိုလ်လုပွဲတက်ရောက်
=============================
ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ရော်နယ်ဒိုရဲ့အနိုင်ဂိုးနဲ့ ဂျာမနီကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါတယ်။

ဂျာမနီက ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားခဲ့တဲ့ အခုပွဲစဉ်မှာ ဂျာမနီအသင်းက ဖလော်ရီယန်ဝစ်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန် ၆၃ မိနစ်မှာ ကွန်ဆီကာအိုက ချေပဂိုး၊ ပွဲချိန် ၆၈ မိနစ်မှာ စီရော်နယ်ဒိုက အနိုင်ဂိုး သွင်းခဲ့တာပါ။

အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်နဲ့ ပြင်သစ်တို့ ဇွန် ၆ ရက် နံနက်ပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် ဇွန် ၉ ရက်မှာ ဘိုင်ယန်မြူးနစ်ကွင်းမှာပဲ လက်ခံကျင်းပမှာဖြစ်ပြီး စပိန်နဲ့ ပြင်သစ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။