Sprite အခ်ိဳရည္ဘူးမ်ားကို FDA ေထာက္ခံခ်က္မရွိဘဲ တရားမဝင္ တုပထုတ္လုပ္ေရာင္းခ်ေန

Sprite အခ်ိဳရည္ဘူးမ်ားကို FDA ေထာက္ခံခ်က္မရွိဘဲ တရားမဝင္ တုပထုတ္လုပ္ေရာင္းခ်ေန
======================
ထိုင္းဘာသာျဖင့္ ကပ္ႏွိပ္ထားသည့္ Sprite အမွတ္တံဆိပ္ အစိမ္းေရာင္အခ်ိဳရည္ဘူးမ်ားကို FDA ေထာက္ခံခ်က္ မရွိဘဲ တရားမဝင္တုပထုတ္လုပ္ ျဖန႔္ျဖဴးေရာင္းခ်ေနေၾကာင္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ သိရပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနနဲ႔ အရည္အေသြးစစ္မွန္ ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းသည့္ အစားအေသာက္မ်ားကို အမ်ားျပည္သူ စားသုံးႏိုင္ရန္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိပါတယ္။

လက္ရွိတြင္ ထိုင္းဘာသာျဖင့္ ကပ္ႏွိပ္ထားသည့္ Sprite အမွတ္တံဆိပ္ အစိမ္းေရာင္အခ်ိဳရည္ဘူးမ်ားကို FDA ေထာက္ခံခ်က္မရွိဘဲ ေဈးကြက္အတြင္း တရားမဝင္တုပထုတ္လုပ္ ျဖန႔္ျဖဴးေရာင္းခ်ေနသည္ကို စိစစ္ေတြ႕ရွိရၿပီး စားသုံးသူျပည္သူမ်ား၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္တာေၾကာင့္ အရည္အေသြးအာမခံခ်က္ႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိသည့္ အဆိုပါ အခ်ိဳရည္ဘူးမ်ားအား ဝယ္ယူသုံးစြဲျခင္းမျပဳရန္ သတိေပးထားပါတယ္။

ျဖန႔္ျဖဴးေရာင္းခ်သူမ်ားကိုမူ ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳၾကရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္း မရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ၂၈(က)အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက အသိေပးထားေၾကာင္း သိရပါတယ္။
_________________________

Sprite အချိုရည်ဘူးများကို FDA ထောက်ခံချက်မရှိဘဲ တရားမဝင် တုပထုတ်လုပ်ရောင်းချနေ
======================
ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများကို FDA ထောက်ခံချက် မရှိဘဲ တရားမဝင်တုပထုတ်လုပ် ဖြန့်ဖြူးရောင်းချနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များကို အများပြည်သူ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိတွင် ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများကို FDA ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်တုပထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည်ကို စိစစ်တွေ့ရှိရပြီး စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အဆိုပါ အချိုရည်ဘူးများအား ဝယ်ယူသုံးစွဲခြင်းမပြုရန် သတိပေးထားပါတယ်။

ဖြန့်ဖြူးရောင်းချသူများကိုမူ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထားကြောင်း သိရပါတယ်။