႐ုရွားႏွင့္ယူကရိန္းတို႔ အစၥတန္ဘူ၌ ေဆြးေႏြးပြဲထပ္မံျပဳလုပ္
႐ုရွားႏွင့္ယူကရိန္းတို႔ အစၥတန္ဘူ၌ ေဆြးေႏြးပြဲထပ္မံျပဳလုပ္
=========================
(ႏိုင္ငံတကာ) ဇြန္ ၃
႐ုရွားႏိုင္ငံႏွင့္ ယူကရိန္းႏိုင္ငံတို႔မွ ကိုယ္စားလွယ္အဖြဲ႕မ်ားသည္ တူကီယဲႏိုင္ငံ၊ အစၥတန္ဘူၿမိဳ႕၌ ဇြန္လ ၂ ရက္တြင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ထပ္မံျပဳလုပ္ေၾကာင္း သိရသည္။
ထိုေဆြးေႏြးမႈသည္ လက္ရွိႏွစ္ႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡအဆုံးသတ္ေစေရးကိုရည္႐ြယ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။
ယခု ေဆြးေႏြး ပြဲတြင္ ႐ုရွားကယူကရိန္းသို႔ ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္မူၾကမ္းကို ေပးအပ္လိုက္သည္။
ထို႔ျပင္ ႐ုရွားအစိုးရက က်ဆုံးသြားသည့္ ယူကရိန္းစစ္သည္ ၆,၀၀၀ ၏႐ုပ္အေလာင္းမ်ားကိုလာမည့္ သီတင္းပတ္တြင္ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း၊ အက်ဥ္းသားအေယာက္ ၁,၀၀၀ စီထပ္မံလႊဲေျပာင္းမည္ ျဖစ္ ေၾကာင္း၊ ဒဏ္ရာရစစ္သည္အားလုံးကိုလည္း အျပန္အလွန္လဲလွယ္မည္ျဖစ္ေၾကာင္း သေဘာတူညီခ်က္ ရရွိသည္။
ၿပီးခဲ့သည့္ေမလ ၁၆ ရက္ ေဆြးေႏြးပြဲ၌ ႏွစ္ႏိုင္ငံၾကား အက်ဥ္းသားအေယာက္ ၁,၀၀၀ စီကိုလႊဲေျပာင္းရန္ သေဘာတူ ခဲ့ကာ ထိုသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ၿပီးျဖစ္ေၾကာင္း Sputnik သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
_________________________________
ရုရှားနှင့်ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲထပ်မံပြုလုပ်
=========================
(နိုင်ငံတကာ) ဇွန် ၃
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံပြုလုပ်ကြောင်း သိရသည်။
ထိုဆွေးနွေးမှုသည် လက်ရှိနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအဆုံးသတ်စေရေးကိုရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခု ဆွေးနွေး ပွဲတွင် ရုရှားကယူကရိန်းသို့ ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ပေးအပ်လိုက်သည်။
ထို့ပြင် ရုရှားအစိုးရက ကျဆုံးသွားသည့် ယူကရိန်းစစ်သည် ၆,၀၀၀ ၏ရုပ်အလောင်းများကိုလာမည့် သီတင်းပတ်တွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အကျဉ်းသားအယောက် ၁,၀၀၀ စီထပ်မံလွှဲပြောင်းမည် ဖြစ် ကြောင်း၊ ဒဏ်ရာရစစ်သည်အားလုံးကိုလည်း အပြန်အလှန်လဲလှယ်မည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိသည်။
ပြီးခဲ့သည့်မေလ ၁၆ ရက် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံကြား အကျဉ်းသားအယောက် ၁,၀၀၀ စီကိုလွှဲပြောင်းရန် သဘောတူ ခဲ့ကာ ထိုသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။