မန္ယူကို အႏိုင္ဂိုးသြင္းခဲ့တဲ့ ေမာင္ေမာင္လြင္ကို သိန္းတစ္ေထာင္ ခ်ီးျမႇင့္
မန္ယူကို အႏိုင္ဂိုးသြင္းခဲ့တဲ့ ေမာင္ေမာင္လြင္ကို သိန္းတစ္ေထာင္ ခ်ီးျမႇင့္
=======================
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ျမန္မာ့လက္ေ႐ြးစင္ ေမာင္ေမာင္လြင္ကို Myanmar Football Federation အလုပ္အမႈေဆာင္အဖြဲ႕က ဂုဏ္ျပဳေငြ က်ပ္သိန္းတစ္ေထာင္နဲ႔ အမွတ္တရဆု ခ်ီးျမႇင့္ခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံေဘာ္လုံးအဖြဲ႕ခ်ဳပ္ရဲ႕ အလုပ္အမႈေဆာင္အစည္းအေဝးကို ဒီေန႔မွာက်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲ့ဒီအစည္းအေဝးမွာပဲ ခုလိုဆုခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဒီေန႔က်င္းပတဲ့ ျမန္မာႏိုင္ငံေဘာ္လုံးအဖြဲ႕ခ်ဳပ္ရဲ႕ အလုပ္အမႈေဆာင္အစည္းအေဝးမွာေတာ့ ၃၃ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ (ဆီးဂိမ္းစ္) ၿပိဳင္ပြဲဝင္ ျမန္မာ ယူ၂၂ အသင္း၊ အမ်ိဳးသမီး လက္ေ႐ြးစင္အသင္း၊ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ဖူဆယ္ လက္ေ႐ြးစင္အသင္းေတြ ေအာင္ျမင္ေရး ႀကိဳတင္ျပင္ဆင္မႈေတြ ျမန္မာ့ လက္ေ႐ြးစင္ အမ်ိဳးသား၊ အမ်ိဳးသမီး၊ လူငယ္ သက္တမ္းအလိုက္ အသင္းေတြနဲ႔ ဖူဆယ္ အသင္းေတြအားလုံး အာရွ၊ အာဆီယံ ၿပိဳင္ပြဲေတြအတြက္ ရည္မွန္းခ်က္ေတြနဲ႔ ျပင္ဆင္မႈေတြကို သုံးသပ္ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
ငလ်င္ေဘးေၾကာင့္ ပ်က္စီးခဲ့တဲ့ ျမန္မာေဘာလုံး အကယ္ဒမီ(မႏၲေလး) ရွင္းလင္းမႈ တည္ေဆာက္မႈနဲ႔ ၂၀၂၅ ပညာသစ္ႏွစ္ ယာယီ အေဆာက္အဦနဲ႔ စီစဥ္ေနမႈ၊ ကစားကြင္းသစ္ေတြနဲ႔ ေလ့က်င့္ေရး စင္တာေတြအတူတကြ ေဖာ္ထုတ္မႈ FIFA Football For Schools အစီအစဥ္ အေကာင္အထည္ေဖာ္မႈ ဆီးဂိမ္းစ္ အပါအဝင္ ႏိုင္ငံတကာပြဲေတြကို ႐ုပ္သံထုတ္လႊင့္မႈ ႏိုင္ငံေဒသေနရာေတြအလိုက္ ေဘာလုံးေလ့က်င့္ေရး စင္တာေတြ ဖြင့္လွစ္ဖို႔ ယူ၁၅ လိဂ္နဲ႔ လူငယ္ၿပိဳင္ပြဲေတြ ပိုမိုအဆင့္ျမႇင့္တင္ဖို႔ စတာေတြကိုေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
_______________________________
မန်ယူကို အနိုင်ဂိုးသွင်းခဲ့တဲ့ မောင်မောင်လွင်ကို သိန်းတစ်ထောင် ချီးမြှင့်
=======================
မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် မောင်မောင်လွင်ကို Myanmar Football Federation အလုပ်အမှုဆောင်အဖွဲ့က ဂုဏ်ပြုငွေ ကျပ်သိန်းတစ်ထောင်နဲ့ အမှတ်တရဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အစည်းအဝေးကို ဒီနေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာပဲ ခုလိုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာတော့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်း၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနဲ့ အမျိုးသမီး ဖူဆယ် လက်ရွေးစင်အသင်းတွေ အောင်မြင်ရေး ကြိုတင်ပြင်ဆင်မှုတွေ မြန်မာ့ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး၊ လူငယ် သက်တမ်းအလိုက် အသင်းတွေနဲ့ ဖူဆယ် အသင်းတွေအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲတွေအတွက် ရည်မှန်းချက်တွေနဲ့ ပြင်ဆင်မှုတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ငလျင်ဘေးကြောင့် ပျက်စီးခဲ့တဲ့ မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး) ရှင်းလင်းမှု တည်ဆောက်မှုနဲ့ ၂၀၂၅ ပညာသစ်နှစ် ယာယီ အဆောက်အဦနဲ့ စီစဉ်နေမှု၊ ကစားကွင်းသစ်တွေနဲ့ လေ့ကျင့်ရေး စင်တာတွေအတူတကွ ဖော်ထုတ်မှု FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်မှု ဆီးဂိမ်းစ် အပါအဝင် နိုင်ငံတကာပွဲတွေကို ရုပ်သံထုတ်လွှင့်မှု နိုင်ငံဒေသနေရာတွေအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာတွေ ဖွင့်လှစ်ဖို့ ယူ၁၅ လိဂ်နဲ့ လူငယ်ပြိုင်ပွဲတွေ ပိုမိုအဆင့်မြှင့်တင်ဖို့ စတာတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။